အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ မီးခိုးမြူမှုန်တွေထူထပ်ပြီး လေထုအရည်အသွေး ကျဆင်းနေတဲ့အတွက် မြို့တော်အုပ်ချုပ်ရေးမှူးက ကျောင်းအားလုံးကို ၃ ရက်ပိတ်ထားပါတယ်။
အခုလို လေထုညစ်ညမ်းမှု အတော့်ကို ဆိုးရွားနေတဲ့အတွက် မြို့တော်အုပ်ချုပ်ရေးမှူးက အရေးပေါ်အစည်းအဝေးခေါ်ခဲ့ပြီး ဒီပြဿနာကို အလေးထားဖြေရှင်းမယ်လို့ ကတိပြုခဲ့ပါတယ်။
မြို့တော်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကိုလည်း ၅ ရက်ကြာ ရပ်နားခိုင်းထားပါတယ်။
အဓိကလမ်းမကြီးတွေမှာ ဖုန်မထအောင် ရေဖြန်းပေးဖို့လည်း မြို့အာဏာပိုင်တွေက ပြောဆိုပါတယ်။
မြို့တော်အုပ်ချုပ်ရေးမှူးကလည်း မြို့ခံတွေ တတ်နိုင်သလောက် အပြင်မထွက်ကြဖို့နဲ့ အလုပ်တွေကို ဖြစ်နိုင်ရင် အိမ်ကလုပ်ဖို့ အကြံပြုထားပါတယ်။
အမှိုက်ကျင်းတွေမှာ မီးရှို့တာတွေကို အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ဒေလီမြို့တော်နားက ဘာဒပါ (Badarpur) ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားစက်ရုံကိုလည်း ပိတ်ထားလိုက်ပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ကစပြီး ကျောင်းပေါင်း ၁၈၀၀ လောက်ကို ပိတ်ထားပြီးလည်းဖြစ်ပါတယ်။
4 years Ago