လေထီးခုန်သမား

July 12, 2017

ကောင်းကင်အမြင့်ခုန်ချိန် ကားများကြား ထိတ်လန့်ဖွယ်ပြုတ်ကျခဲ့သည့် လေထီးခုန်သမား (ရုပ်သံ)

ကောင်းကင်အမြင့်ခုန် သရုပ်ပြချိန်မှာ မြေပြင်ပေါ်က ကားတွေကြား ပြုတ်ကျခဲ့တဲ့ လေထီးခုန်သမားတဦးရဲ့ အဖြစ်ဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၄ ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီ လေထီးခုန်သမားဟာ မြေပြင်မှာ ထိုးဆိုက်ရပ်နားထားခဲ့တဲ့ ကားတွေကြားကို ပြုတ်ကျခဲ့တာပါ။ ပထမဆုံးဆင်းသက်တဲ့ လေထီးသမားနဲ့ နောက်တယောက်ကတော့ အဆင်ချောချောနဲ့ ဆင်းသက်နိုင်ခဲ့ပြီး တတိယမြောက် လေထီးသမားက ကံဆိုးစွာ ခုလိုဖြစ်ခဲ့တာပါ။ လူပရိသတ်တွေ ရာနဲ့ချီ ကြည့်ရှုနေခဲ့ကြချိန် အဲဒီလေထီးသမားဟာ မြေပြင်ဆီ ထိုးစိုက်ကျလာခဲ့ချိန်မှာ ကလေးငယ်တဦးဆီက “အိုး အရမ်းမိုက်တယ်” လို့ ပြောလိုက်သံကိုလည်း ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကြားခဲ့ရပါတယ်။ သူ့ရဲ့လေထီးဟာ အမေရိကန်နိုင်ငံအလံပုံ အရောင်တွေနဲ့ ပြင်ဆင်ခြယ်သထားခဲ့တာဖြစ်ပြီး အင်ဒီယားနားပြည်နယ် အလံကိုပါ အောက်ခြေမှာ တွဲချိတ်လျက်သား ဆင်းလာခဲ့တာ ဖြစ်ပါတယ်။ မြေပြင်အနီး ဆင်းသက်ခါနီးအချိန်မှာတော့ သူဟာ ထိုးရပ်ထားတဲ့ ကားတွေကြားကို ရောက်သွားခဲ့ပြီး လူတွေက သူ့ကို ကူညီနိုင်ဖို့ သွားရောက်ခဲ့ကြတာကို တွေ့ရပါတယ်။ သူ့ရဲ့ ထိခိုက်ဒဏ်ရာရှိမှု အခြေအနေတွေကိုတော့ သတင်းမှာ အသေးစိတ် ဖော်ပြမထားပါဘူး။
4 years Ago

August 2, 2015

ကမ္ဘာ့ စံချိန်သစ်တင် လေထီးခုန်သမား ၁၆၄ ဦး (ရုပ်သံ)

နိုင်ငံတကာ လေထီးခုန်သမားတွေဟာ ကောင်းကင်မှာ ပန်းပုံစံ သရုပ်ဖော်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ လေထီးခုန်သမား ၁၆၄ ဦး အမေရိကန်နိုင်ငံ အိုတာဝါမှာ လေယာဉ်ပေါ်က ခုန်ချပြီး ဒေါင်လိုက် အနေအထားနဲ့ ပန်းပွင့်ပုံဖော်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ပန်းပွင့် ပုံစံနဲ့ အချိန် စက္ကန့် အတော်ကြာအောင် သရုပ်ပြခဲ့ပြီးမှာ လူစုခွဲလိုက်တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ တချို့ လေထီးခုန်တဲ့သူတွေက ၁ နာရီကို မိုင် ၂၄၀ နှုန်းအထိ မြန်နှုန်း ရှိခဲ့ပါတယ်။ အခု စံချိန်ဟာ  ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကတော့ လေထီးခုန်သမား ၁၃၈ တင်ထားတဲ့ စံချိန်ကို ဖြတ်ကျော်ပြီး တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up