လေထီးခုန်စီးနင်းစဉ် အရှိန်မထိန်းနိုင်ပဲ ပျက်ကျ၊ ၁ ဦးသေဆုံး (ရုပ်သံ)

A d v e r t i s e m e n t With Us

April 20, 2016

လေထီးခုန်စီးနင်းစဉ် အရှိန်မထိန်းနိုင်ပဲ ပျက်ကျ၊ ၁ ဦးသေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ရှီကျောင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လေထီးခုန် ပါရာဂလိုက်ဒါစီးနင်းစဉ် အရှိန်မထိန်းနိုင်ပဲ မြေပြင်ပေါ်ပျက်ကျခဲ့တာကို မျက်မြင်တွေ့ရှိ သူတဦးက မိုဘိုင်းလ်ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ပါရာဂလိုက်ဒါပေါ်မှာ မောင်းနှင်သူတဦးနဲ့ ခရီးသည် ၁ ဦးပါဝင်ပြီး မောင်းနှင်သူ ကတော့ နေရာတင်သေဆုံးခဲ့ကာ ခရီးသည်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စီစီ တီဗွီသတင်းမှာ ဧပြီလ ၁၉ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ မောင်းနှင်သူရဲ့ နမော်နမဲ့အမှားကြောင့်ဖြစ်ရတာလို့ ဝေဖန် ပြစ်တင်နေကြပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ သူတို့ ၂ ဦးလုံးဟာ လုံခြုံရေးဆိုင်ရာ ၀တ်စုံတွေနဲ့ ဦးထုပ်ကိုတောင် ဆောင်းမထားကြဘူးလို့ ဆိုပါတယ်။ ဒေသတွင်း အာဏာပိုင်တွေဟာ လေထီးခုန် ပါရာဂလိုက်ဒါစီးနင်းမှုဆိုင်ရာ ၀န် ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကို ယာယီရပ်ဆိုင်းခဲ့ကာ နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up