လေထီးခုန်

July 15, 2019

ဆွီဒင်တွင် လေထီးခုန် အပန်းဖြေခရီးစဉ်အတွင်း လေယာဉ်ပျက်ကျ၊ ၉ ဦးသေဆုံး

ဆွီဒင်နိုင်ငံ မြောက်ပိုင်းက တက္ကသိုလ်မြို့သေးလေး အူမီယာနားမှာ ဇူလိုင် ၁၄ ရက်က လေထီးခုန် အပန်းဖြေခရီးစဉ်အတွင်း လေယာဉ်ပျက်ကျလို့ ဆွီဒင်နိုင်ငံသား ၉ ယောက် သေဆုံးပါတယ်။ လေထီးခုန်သမားတွေ စီးနင်းလိုက်ပါဖို့ ပုံစံထုတ်ထားတဲ့ လေယာဉ်ငယ်ဟာ ပျံတက်ပြီး မကြာခင် အူမေမြစ်ပေါ်က ကျွန်းပေါ်ကို ပျက်ကျခဲ့တာလို့ ရဲပြောခွင့်ရ ပီတာဂျွန်ဆွန်က ပြောပါတယ်။ သေဆုံးသူအားလုံးက ဆွီဒင်နိုင်ငံသားတွေဖြစ်ပြီး တယောက်ကတော့ နိုင်ငံနှစ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် ခံယူထားသူလို့ ရဲတွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ နာမည်တွေကိုတော့ မထုတ်ပြန်သေးသလို ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေဆီ အကြောင်းကြားပြီးပြီလို့ ဒေသတွင်း အဓိက ဆေးရုံဖြစ်တဲ့ အူမီယာတက္ကသိုလ်ဆေးရုံက အတည်ပြု ပြောဆိုပါတယ်။
2 years Ago

June 6, 2019

နော်မန်ဒီတိုက်ပွဲ အထိမ်းအမှတ် လေထီးခုန်ရာတွင် ပါဝင်ခဲ့သည့် ၉၇ နှစ် စစ်ပြန်အဘိုးအို (ရုပ်သံ)

ဒုတိယကမ္ဘာစစ် နော်မန်ဒီကမ်းတက်တိုက်ပွဲ ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန်လ ၅ ရက်နေ့က အသက် ၉၇ နှစ်အရွယ် စစ်ပြန်အဘိုးတဦး လေထီးခုန်ရာမှာ ပါဝင်ခဲ့ပါတယ်။ တွမ်ရိုက်စ်လို့ခေါ်တဲ့ အဲဒီအဘိုးဟာ အမေရိကန် အမှတ် ၁၀၁ လေကြောင်းချီတပ်က လေထီးစစ်သည် ဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ်က နော်မန်ဒီကမ်းခြေပေါ် လေထီးခုန်ဆင်းတဲ့ ပုံစံအတိုင်း လေထီးဝါသနာအိုး ၃၀၀ နဲ့ အမေရိကန် လေထီးစစ်သည်တို့က မီးခိုးငွေ့သန်းနေတဲ့ ကောင်းကင်ယံကနေ ပြင်သစ် နော်မန်ဒီကမ်းခြေပေါ် လေထီးခုန်ဆင်းခဲ့ပါတယ်။ အဲဒီလိုခုန်ဆင်းရာမှာ သူတို့နဲ့အတူ စစ်ပြန်ကြီး တွမ်ရိုက်စ်လည်း အပါအဝင် ဖြစ်ပါတယ်။  D-Day လို့ခေါ်တဲ့ အဲဒီ သမိုင်းဝင်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်နဲ့အတူ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အန်ဂျလာမာကယ်တို့ အပါအဝင်  ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ ဘုရင်မကြီးနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ သမိုင်းမှာ အကြီးဆုံး ရေကြောင်းချီတိုက်ပွဲမှာ ပါဝင်တဲ့ စစ်ပြန်တွေကို ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီ နော်မန်ဒီကမ်းတက်တိုက်ပွဲဟာ ဒုတိယကမ္ဘာစစ် ပြီးဆုံးဖို့ အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။
2 years Ago
Up