လေတိုက်နှုန်း

March 3, 2019

လေတိုက်နှုန်းပြင်းထန်မှုကြောင့် လေထဲလူးလွန့်နေသည့် လေယာဉ်တစီး ရုပ်သံထွက်ပေါ်

လေတိုက်နှုန်း ပြင်းထန်မှုကြောင့် လေယာဉ်တစီး လေထဲမှာ ဟိုဘက်ဒီဘက် လူးလွန့်နေတဲ့ ပုံရိပ်ကို ရိုက်ကူးထားတဲ့ မှတ်တမ်းဗီါဒီယိုဖိုင်တစ်ခု မကြာသေးခင်က ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ဂျီဘရော်တာမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ လေထဲမှာ ယိမ်းထိုးနေတဲ့ လေယာဉ်က ဗြိတိသျှလေ ကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ကို ဂျီဘရော်တာ ဆိပ်ကမ်းမှာရှိနေတဲ့ ဝန်ထမ်းတဦးက ရိုက်ကူးမှတ်တမ်း တင်နိုင်ခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ ကြုံတွေ့ခဲ့ရပြီးမှာ ဒီလေယာဉ်ဟာ စပိန်နိုင်ငံ မာလာဂါမြို့မှာ ဆင်းသက်သွားခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ “ကျနော်ရုံးခန်းထဲမှာ ရှိနေတဲ့အချိန် အရမ်းဆူတဲ့ အင်ဂျင်သံကို ကြားလိုက်ရလို့ အပြင်ထွက်ကြည့်လိုက်တော့ လေထဲမှာ လူးနေတဲ့ လေယာဉ်ကို မြင်တွေ့ခဲ့ရပါတယ်” လို့ ဝန်ထမ်းက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗြိတိသျှလေကြောင်းလိုင်းက တာဝန်ရှိသူတဦးကလည်း လေယာဉ်ဟာ လုံခြုံရေးအရ စပိန်ကို ဆင်းသက်ခဲ့ကြောင်းနဲ့ ထိခိုက်ပျက်စီးမှု တစုံတရာမရှိကြောင်း သိရပါတယ်။
2 years Ago
Up