လေဆိပ်ဝန်ထမ်း အမျိုးသမီးကို ခရီးသည်များက ကိုယ်ထိလက်ရောက်တိုက်ခိုက်

April 27, 2016

လေဆိပ်ဝန်ထမ်း အမျိုးသမီးကို ခရီးသည်များက ကိုယ်ထိလက်ရောက်တိုက်ခိုက် (ရုပ်သံ)

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ခရိုင်၊ ချန်ရှားမြို့၊ ဟောင်ဟွာလေဆိပ်တွင်းမှာ လေယာဉ်ခရီးစဉ် ကြန့်ကြာမှုကြောင့် လေဆိပ်ဝန်ထမ်း အမျိုးသမီးတဦးကို ခရီးသည်တွေက ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ ညပိုင်းမှာ အဆိုပါလေဆိပ်ကနေ ဆန်ညာမြို့ကို ထွက်ခွာမယ့် လေယာဉ်ဟာ ရာသီဥတု ဆိုးဝါးမှုကြောင့် ခရီးစဉ်ကို နာရီပေါင်းများစွာကြာအောင် ရွှေ့ဆိုင်းထားခဲ့ရတာဖြစ်ပြီး လေဆိပ်တွင်း ခရီးသည်တွေ ရာနဲ့ချီ ရှိနေခဲ့ကြတာပါ။ လေယာဉ်ခရီးစဉ် ကြန့်ကြာမှုအတွက် လေဆိပ်ဝန်ထမ်း အမျိုးသမီးက ဘာမှလုပ်မပေးနိုင်ပေမယ့် စိတ်မရှည်နိုင်အောင် ဖြစ်နေကြတဲ့ ခရီးသည်တွေထဲက တချို့ဟာ လေဆိပ်ဝန်ထမ်း အမျိုးသမီးဆီ ရောက်လာကြကာ အော်ဟစ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဒေါသမထိန်းနိုင်တဲ့ သက်လတ်ပိုင်း အမျိုးသမီးတဦးက အဆိုပါ ၀န်ထမ်းအမျိုးသမီးဆီ နေ့လယ်စာဘူးတွေနဲ့ ပစ်ပေါက်လိုက်တာပါ။ တခြား လေဆိပ်ဝန်ထမ်း  အမျိုးသမီးတွေက ကူညီဖျန်ဖြေဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေဘဲ စိတ်ဆိုးဒေါသထွက်နေတဲ့ တခြားအမျိုးသားတဦးက ထပ်မံပြီး ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ မကြာခင်မှာပဲ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ ခရီးသည်တွေရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး အငြင်းအခုံ ဝေဖန်မှုတွေ ဖြစ်လာခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up