လေဆိပ်ပြေးဆွဲသည့် YBS လိုင်းသစ်

June 25, 2018

လေဆိပ်ပြေးဆွဲသည့် YBS လိုင်းသစ်၊ အလှမယ် အေးချမ်းမိုးနှင့် မော်ဒယ်လှပျိုဖြူများ (ရုပ်သံ)

  ရန်ကုန်လေဆိပ်နဲ့ ဘူတာကြီးကို လွန်းပြန်စတင်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းသစ်ကို မိတ်ဆက်တဲ့အနေနဲ့ ရန်ကုန်မြို့လယ်ကောင်မှာ အလှမယ် အေးချမ်းမိုးနဲ့ တခြားမော်ဒယ် မိန်းကလေးတွေက လက်ကမ်းစာစောင်တွေ မျှဝေခဲ့ကြပါတယ်။ အခု အသစ်စတင်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းကိုတော့ YBS-Airport Shuttle လို့ အမည်ပေးထားပြီး ဒီယာဉ်လိုင်းကို Omni Focus ကုမ္ပဏီက Foton အမျိုးအစား ကားတွေနဲ့ ဇွန်လ ၂၂ ရက်ကတည်းက စတင်ပြေးဆွဲနေတာ ဖြစ်ပါတယ်။ ယာဉ်စီးခအနေနဲ့ ၅ဝဝ ကျပ် သတ်မှတ်ထားပြီး မှတ်တိုင်အားလုံး မရပ်ဘဲ မှတ်တိုင် ၁၁ ခု ပဲ ရပ်တန့်မယ်လို့ သိရပါတယ်။ YBS-Airport Shuttle ယာဉ်လိုင်းဟာ လေဆိပ်ကနေ ၈ မိုင်၊ ကမ္ဘာအေးဘုရားလမ်းအတိုင်း ဆူးလေအထိ ပြေးဆွဲနေတာ ဖြစ်ပါတယ်။ ရုပ်သံ- Omnifocus20
3 years Ago
Up