လေဆိပ်ဝန်ထမ်းများ သပိတ်ဆက်မှောက်မှုကြောင့် ဂျာမနီတွင် လေဆိပ်လုပ်ငန်းများ ရပ်ဆိုင်း

March 15, 2017

လေဆိပ်ဝန်ထမ်းများ သပိတ်ဆက်မှောက်မှုကြောင့် ဂျာမနီတွင် လေဆိပ်လုပ်ငန်းများ ရပ်ဆိုင်း

ဂျာမနီနိုင်ငံ ဘာလင်မြို့ လေဆိပ်နှစ်ခုမှာ လေဆိပ်ဝန်ထမ်းတွေ ဆက်လက် သပိတ်မှောက်ကြတဲ့အတွက် မတ် ၁၄ ရက်နေ့က လေဆိပ်လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ လစာအငြင်းပွားမှုနဲ့ပတ်သက်လို့ သပိတ်မှောက်ခဲ့တာဖြစ်ပြီး အဲဒါကြောင့် ခရီးစဉ် ၁၀၀၀ ဝန်းကျင် ဖျက်သိမ်းခဲ့ရပါတယ်။ ရွှန်းနာဖယ်လေဆိပ်မှာ ခရီးစဉ် ၁၉၄ ခုနဲ့ တီနယ်လေဆိပ်မှာ ခရီးစဉ် ၄၄၈ ခုကို ဖျက်သိမ်းခဲ့ရတာပါ။ လေဆိပ်မှာ သောင်တင်နေတဲ့ ခရီးသည်အများစုကတော့ သပိတ်မှောက်တာကို စိတ်ပျက်ကြပါတယ်။ အလုပ်သမားယူနီယံက လေဆိပ်ဝန်ထမ်းတွေရဲ့လစာကို တနှစ်တာ တလုံးတခဲ သဘောတူညီချက်နဲ့ ၁ နာရီကို ၁၁ ယူရိုကနေ ၁၂ ယူရိုအထိ တိုးမြှင့် တောင်းဆိုကြပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ကတော့ ၄ နှစ်မှာ ၁ နာရီ ၁၀ ဆင့်တိုးပေးပြီး နောက် ၃ နှစ်မှာ ၈ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့ ပထမပိုင်းမှာ ကမ်းလှမ်းခဲ့ပါတယ်။ အလုပ်သမားယူနီယံ ပြောခွင့်ရပုဂ္ဂိုလ်က အဲဒီနှုန်းဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ရိုက်တာကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
5 years Ago
Up