လူ ၂၃ ဦး သေဆုံးခဲ့ရတဲ့ လေဆင်နှာမောင်းဒဏ်သင့် အလာဘားမားပြည်နယ် အရှေ့ပိုင်း ဒေသတွေကို မတ် ၈ ရက်နေ့က အမေရိကန် သမ္မတ ထရမ့်သွားရောက်ခဲ့ပါတယ်။
သမ္မတ ထရမ့်နဲ့ ဇနီးတို့ဟာ ရဟတ်ယာဉ်နဲ့ ဘေးဒဏ်သင့်ဒေသတွေကို ကြည်ရှုခဲ့ပါတယ်။ အဲဒီနောက် လေဆင်နှာမောင်းဒဏ် အပြင်းထန်ဆုံး ထိခိုက်ခဲ့တဲ့ ဘိုးဂတ်- ကောင်တီနေအိမ်တွေကို သွားရောက်ခဲ့ပါတယ်။
အဲဒီနောက် အိုပယ်လိုက်ကာမြို့ ဘုရားကျောင်းရှိ ကယ်ဆယ်ရေးစခန်းကို သွားပြီး အသက်ရှင် ကျန်ရစ်သူတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးသမားတွေ တွေ့ဆုံပါတယ်။
ဘိုးဂတ်ကောင်တီမှာ လေဆင်နှာမောင်းကြောင့် လေတိုက်နှုန်း တနာရီ ၂၆၄ ကီလိုမီတာ ရှိခဲ့ပြီး လူပေါင်းဒါဇင်နဲ့ချီ ဒဏ်ရာရကာ အိမ်ခြေ ၁၀၀ ၀န်းကျင် ပျက်စီးခဲ့ပါတယ်။
၂၀၁၃- ခုနှစ် မေလကလည်း အိုကလာဟိုးမားပြည်နယ် မိုးမြို့မှာ လေဆင်နှာ်မောင်းကြောင့် ၂၄ ယောက် သေဆုံးပြီး ၃၇၅ ယောက် သေဆုံးခဲ့ပါတယ်။
2 years Ago