ရွှေ့ပြောင်းမြန်မာကျောင်းသား ၄၄ ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်

March 5, 2018

ရွှေ့ပြောင်းမြန်မာကျောင်းသား ၃၉ ဦး ထိုင်းနိုင်ငံတွင် ၁၀ နှစ်ခံနေထိုင်ခွင့်လက်မှတ်ရရှိ

  ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းတွေထဲက SAW ဂေဟာက ကလေးငယ် ၃၉ ဦးဟာ  ထိုင်းအစိုးရက နိုင်ငံသားမဟုတ်သူတွေကိုနေထိုင်ခွင့် ပေးအပ်တဲ့ ၁၀ နှစ်ခံလက်မှတ် ရရှိသွားတယ်။ အဆိုပါကလေးတွေဟာ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနိုင်မယ့်အပြင် လုံခြုံရေးအတွက် လည်း အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့  SAW  အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်အေးအေးမာက ပြောပါတယ်။ “အထူးသဖြင့် လုံခြုံရေးပေါ့နော်။ ကျမတို့ဆီက ကလေးတွေအရင်တုန်းက ဆိုလို့ရှိရင် ရဲတွေဘာတွေ ဖမ်းထားတာရှိတယ်။ တချို့တွေဆိုရင် အချုပ်ထဲကျပြီးတော့မှ မြန်မာပြည် ဘက်ခြမ်းကို ပြန်သွန်ခံရတာတွေရှိတယ်။ ကျောင်းတက်နေရင်းနဲ့ ဒီလိုအဖြစ်တွေကြုံရတာပေါ့။ အခုဆိုရင်ဒီလက်မှတ်ရတဲ့အတွက် ရဲအဖမ်းမခံရတော့ဘူးပေါ့နော်။ နောက်ပြီး သူတို့ရှေ့ ဆက်မယ့် သူတို့ဘ၀ တက်လမ်းတွေအတွက် အလုပ်တွေလုပ်တဲ့ အခါမှာလည်း ဒီကတ်က အရမ်းအသုံးဝင်တဲ့ဟာဖြစ်တယ်ပေါ့နော်။” လက်မှတ်ရရှိတဲ့ ကျောင်းသား စောသစ်နိုင်ဝင်းကတော့ ခုလို နေထိုင်ခွင့် လက်မှတ်ရတဲ့အတွက် လုံခြုံမှုကိုခံစားရကြောင်း ပြောပါတယ်။ “အဓိကကတော့ ပျော်တာပေါ့နော်။ ကိုယ်ဒီမှာ လုံလုံခြုံခြုံနေလို့ရပြီလေ။ အစကဆို ပလိပ်တွေကို လမ်းမှာတွေ့ရင်နည်းနည်ရှိန်တာပေါ့လေ။ အခုကတော့ ဒီကပ်ပြလိုက်ပြီဆိုတာ သူတို့လည်း မဖမ်းတော့ဘူးဆိုတဲ့အသိ တရားလေးရသွားတော့ စိတ်လည်း လုံခြုံသွားတာပေါ့။ ” ဒီအထောက်အထားလက်မှတ်ဟာ လက်ရှိမှာတော့ ထိုင်းအစိုးရကျောင်းတွေမှာ အခမဲ့ ပညာသင်ကြားနိုင်ခွင့်ရှိတဲ့အပြင် နောက်ပိုင်းမှာအခမဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေ ပါရရှိမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မွေးဖွားသူတွေအနေနဲ့ ဒီအထောက်အထား လက်မှတ်တွေကနေ တဆင့်ပြီး တဆင့် ထိုင်းနိုင်ငံသားတွေ အဖြစ်ပါတောင်းဆိုနိုင်ပါတယ်။ မတ်လ ၄ ရက်နေ့မှာ ကလေးပေါင်း ၃၉ ယောက်အတွက် အထောက်အထား လက်မှတ် ပေးအပ်တာဖြစ်ပြီး နောက်ပိုင်းမှာ ဆက်လက်ထုတ်ပေးသွားဖို့ရှိတယ်လို့လည်း ဒေါ်အေးအေးမာ က ပြောပါတယ်။ မြန်မာထိုင်းနယ်စပ်မှာ ရွှေ့ပြောင်းကျောင်းပေါင်း၂၀၀ ကျော်ရှိပြီးတော့ ကလေး ငါးသောင်း လောက် ပညာသင်ကြားနေပါတယ်။ SAW ဂေဟာမှာတော့  ကလေး ၇၀ လောက် ပညာ သင်ယူနေကြပါတယ်။ ဓာတ်ပုံ - SAW
4 years Ago

July 11, 2016

ရွှေ့ပြောင်းမြန်မာကျောင်းသား ၂၀ အတွက် ထိုင်းတက္ကသိုလ် ပညာသင်ဆုပေးအပ်

ထိုင်းနိုင်ငံ တာ့ခရိုင်တွင်းက ရွှေ့ပြောင်းမြန်မာကျောင်းသားအယောက် ၂၀ အတွက် ခရိုင်အ တွင်းရှိ Rajamangala University of Technology တက္ကသိုလ်မှာ ပညာသင်ကြားနိုင်ဖို့ ပညာသင်ဆုတွေ စတင်ပေးအပ်ပြီဖြစ်ပါတယ်။ ကလေးများဖွံ့ဖြိုးတိုး တက်ရေးစင်တာ(စီဒီစီ) ကျောင်းအုပ် ဆရာရွှေနှင်းက“အာဆီယံ ကော်မြူနတီ (အာဆီယံလူမှုအ၀န်းအ၀ိုင်း) တည်ဆောက်ဖို့အတွက်ပြီးတော့ ကျနော်တို့နဲ့ သူတို့ကလည်း အရင်ကတည်းက ဆက်ဆံရေးအားဖြင့်လည်း လေးငါးနှစ်လောက်က ရှိထားပြီးသားဆိုတဲ့ ပေါ်မှာ ကျနော်တို့ဒီနှစ်က ၁၂ တန်းအောင်ပြီးသူအပြင် တခြား Progrem တွေတက်တဲ့ သူကို ဦးစားပေးမယ်”လို့ ပြောပါတယ်။ ကျောင်းက စာသင်စရိတ်နဲ့ နေရာထိုင်ခင်းကိုထောက်ပံ့မှာဖြစ်ပေမယ့် စားရေးသောက်ရေးနဲ့  ကျန်းမာရေးနဲ့ သွားလာစရိတ်တွေကိုတော့ ကျောင်းသူကျောင်းသားကိုယ်တိုင်က တာဝန်ယူရ မယ်လို့လည်း ဆိုပါတယ်။ ဒီအစီအစဉ်ကို Lanna တက္ကသိုလ်အဖွဲ့နဲ့ သဘောတူညီမှုရရှိထားပြီး ဒီနှစ်သြဂုတ်လမှာ ပထမ အယောက် ၂၀ ကို စတင်ခေါ်ယူမယ်လို့လည်း ဆိုပါတယ်။ လတ်တလောမှာတော့ စီဒီစီကျောင်းအပြင် ဒုက္ခသည်စခန်းနဲ့ တခြားရွှေ့ပြောင်းကျောင်းတွေ ကို လည်း ချိတ်ဆက်ထားပြီး ဖောင်တွေ ကောက်ခံနေတယ်လို့လည်း ဆရာရွှေနှင်းက ပြောပါတယ်။ ဒီအစီအစဉ်ကို စိတ်ဝင်စားသူအနေနဲ့ သက်သေခံလက်မှတ် ၁၀ နှစ်ခံကတ် (သို့) မှတ်ပုံတင် ပတ်စပို့စ် ရှိရမှာဖြစ်ပြီး ၁၂ တန်းနဲ့အထက် ပညာအရည်အချင်းရှိရမှာဖြစ်သလို ထိုင်းဘာသာနဲ့ အင်္ဂလိပ်သာသာ ကျွမ်းကျင်သူကို ဦးစားပေး ခေါ်ယူသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒီအစီအစဉ်အရ နည်းပညာနဲ့ပတ်သက်တဲ့ ဒီပလိုမာဘွဲ့နဲ့ ဘာချလာဘွဲ့ ၂ ခုရှိပြီး  ဒီပလိုမာဘွဲ့ အတွက် ၂ နှစ်၊ ဘာချလာဘွဲ့အတွက် ၅ နှစ်တက်ရမှာဖြစ်ပါတယ်။
5 years Ago
More News
Up