ရွှေ့ပြောင်းနေထိုင်မှု

August 31, 2018

အီးယူ ဝန်ကြီးများအစည်းအဝေးတွင် ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်း ဖြေရှင်းရေး လွှမ်းမိုး

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ သြစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာမှာ သြဂုတ် ၃၀ ရက်က အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဥရောပသွေးစည်းရေး အီတလီအစိုးရက ဆော်သြပြီးချိန်မှာ ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းကို ဖြေရှင်းရေးက အစည်းအဝေးမှာ လွှမ်းမိုးနေပါတယ်။ အဲဒီနေ့ အစောပိုင်းကလည်း အီးယူအဖွဲ့ဝင် နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း အီတလီက တောင်းဆိုချက် တင်ခဲ့ပါသေးတယ်။ မြေထဲပင်လယ်အတွင်း ကယ်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တခြားဆိပ်ကမ်းတွေကနေ ကမ်းကပ်ခွင့်ပေးဖို့ အီးယူကို အီတလီက တောင်းဆိုခဲ့တာပါ။ အီတလီအစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ပုစ္ဆာဟာ ဥရောပရဲ့ ပြဿနာလို့ ပြောပါတယ်။ အီးယူ နိုင်ငံခြားရေးဝန်ကြီးများ နှစ်ဝက်အစည်းအဝေးအတွင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးလဲ တက်ရောက်ပါတယ်။ အစည်းအဝေး လုပ်ငန်းစဉ်ထဲမှာ ယီမင်၊ လစ်ဗျားနဲ့ အီရန် နျူကလီးယား အရေးတွေကိုလည်း ဆွေးနွေးမယ်လို့ မျှော်လင့်ထားပါတယ်။
3 years Ago
Up