ဇူလိုင် ၅ ရက်နေ့က လစ်ဗျားကမ်းလွန်မှာ ခရီးသည်တွေ ပြည့်ကျပ်နေတဲ့ လှေငယ်တစီးပေါ်ကနေ ရွှေ့ပြောင်းလာသူ ၆၅ ယောက်ကို ဂျာမန်ကယ်ဆယ်ရေး သင်္ဘောတစီးက ကယ်တင်ခဲ့ပါတယ်။
အဲဒီကယ်ဆယ်ရေးသင်္ဘောကို ဦးစီးတဲ့ Sea-Eye အဖွဲ့က လစ်ဗျားကမ်းလွန် ၃၄ မိုင် အကွာကနေ ရွှေ့ပြောင်းသူတွေကို ကယ်တင်ခဲ့ပြီး လှေပေါ်မှာ ရေအလုံအလောက်နဲ့ အချက်ပြစနစ် မပါဘူးလို့ ပြောပါတယ်။
အခုအခါ အဲဒီရွှေ့ပြောင်းဒုက္ခသည်တွေကို အလန်ကာဒီလို့ခေါ်တဲ့ သင်္ဘောပေါ်မှာ စောင့်ရှောက်ထားပါတယ်။
Sea-Eye အဖွဲ့က လစ်ဗျားအာဏာပိုင်တွေကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီ ရွှေ့ပြောင်းသူ ကယ်ဆယ်ရေးသင်္ဘောကို အီတလီပြည်ထဲရေးဝန်ကြီး မာသဲယို-ဆာဗန်နီက အီတလီကို မလာဖို့ သတိပေးထားပါတယ်။
2 years Ago