ရွှေ့ပြောင်းသူများ

December 10, 2018

မက္ကဆီကိုနှင့်အမေရိကန် နယ်စပ်လမ်းပေါ်မှ ရွှေ့ပြောင်းနေထိုင်သူများကို မှတ်ပုံတင်ပေး

မက္ကဆီကိုနိုင်ငံက သင်းအုပ်ဆရာတွေနဲ့ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ အလေဂျန်ဒရို ဆိုလာလင်ဒေတို့ဟာ မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်မြို့ တီဟွာနာ က လမ်းတွေပေါ်မှာ အိပ်နေတဲ့ ရွှေ့ပြောင်းနေထိုင် သူတွေကို မှတ်ပုံတင်ပေးနေပါတယ်။ သူတို့တွေ ခိုလှုံစရာနေရာနဲ့ အလုပ်အကိုင်ရရှိရေး မျှော်လင့်နေတာပါ။ အလယ်အမေရိက ရွှေ့ပြောင်းနေထိုင်သူ ထောင်ချီပြီး တီဟွာနာမြို့ကို ရောက်လာခဲ့ကြတာပါ။ မြို့တွင်းမှာ ရွှေ့ပြောင်းနေထိုင်သူ ခိုလှုံရေးဂေဟာကို ဖွင့်ပေးထားပေမယ့် တချို့ကပြောင်းဖို့ ငြင်းဆန်ရင်း လမ်းတွေနဲ့ လူသွားစင်္ကြန်တွေပေါ်မှာ အိပ်နေကြပါတယ်။ သူတို့လိုချင်တာနဲ့ သက်မွေးဝမ်းကြောင်း သင်တန်းတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ဘုရားကျောင်း လုပ်အားပေးတွေနဲ့ ဆိုလာလင်ဒေတို့က မေးမြန်း စစ်တမ်းကောက်နေပါတယ်။ ဒီစစ်တမ်းဟာ သူတို့အတွက် အလုပ်အကိုင်နဲ့ ရွှေ့ပြောင်းမှု လျှောက်လွှာတွေ အတွက် အသုံးဝင်မှာပါ။ ရွှေ့ပြောင်းနေထိုင်သူ မာကိုအန်ဒီနိုကတော့ အမေရိကန်ကို သွားချင်တာ မဟုတ်ဘဲ ကနေဒါမှာ ဘဝသစ်စချင်ကြောင်းနဲ့ ကူညီပေးဖို့ မျှော်လင့်နေပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ အများအပြားက တီဟွာနာမြို့က ဆင်းရဲတဲ့ လူနေမှု အခြေအနေထဲမှာ စောင့်ရတာ စိတ်ပျက်နေပါပြီ။ ဒါကြောင့် တခြားရွေးချယ်စရာကို စဉ်းစားနေကြပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ခိုလှုံခွင့်ရဖို့ ပိုခက်အောင် လုပ်နေတာပါ။ နိုင်ငံတွင်းကို တရားဝင် ဝင်ရောက်လာသူတွေကိုသာ ခိုလှုံခွင့်ပေးဖို့  ထရမ့်ရဲ့မူဝါဒကို ယာယီထိန်းချုပ်ထားဖို့ ပြည်ထောင်စု တရားရုံးက အရင်လက ဆုံးဖြတ်ခဲ့ပါတယ်။
2 years Ago

June 18, 2018

ရဲလိုက်ဖမ်းစဉ် တရားမဝင် ရွှေ့ပြောင်းသူများ ကားတိမ်းမှောက်၊ ၅ ဦးသေ

အမေရိကန်-မက္ကဆီကို နယ်စပ်မှာ ဇွန်လ ၁၇ ရက်နေ့က တရားမဝင် ပြောင်းရွှေ့လာသူတွေ တင်ဆောင်လာတဲ့ကားကို နယ်စပ်ကင်းလှည့်ကားက နောက်ကလိုက်ဖမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ ကားတိမ်းမှောက်ခဲ့ပြီး ပြောင်းရွှေ့လာသူ ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ကားမှောက်မှုကြောင့် ဒဏ်ရာရခဲ့သူတချို့ကို ဆေးကုသပေးဖို့ ရဟတ်ယာဉ်နဲ့ ဆန်အန်တိုနီယိုမြို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိမ်းမှောက်ခဲ့တဲ့ ကားပေါ်မှာ လူ ၁၄ ဦး လိုက်ပါလာခဲ့ပြီး ကားဟာ တနာရီ မိုင် ၁၀၀ နှုန်းနဲ့ မောင်းနှင်ထွက်ပြေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက KFDM News 4 သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကားမောင်းသူကို အမိမြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့လည်း အဲဒီသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
3 years Ago
Up