ရွှေ့ပြောင်းလာသူများ

July 13, 2019

ရွှေ့ပြောင်းလာသူများ ပြင်သစ်တွင် နေထိုင်ခွင့်ပြုရေး တောင်းဆို

အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်လာတဲ့ အင်္ကျီနက်ဆန္ဒပြသူဟာ ဇူလိုင် ၁၂ ရက်နေ့က ပဲရစ်မြို့ အထင်အရ ပါသီနွန်အဆောက်အဦကို ၀င်ရောက်စီးနင်းပြီး ပြင်သစ်မှာ ဆက်နေခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူ ခန့်မှန်း ၂၀၀ ကနေ ၃၀၀ ဝန်းကျင်ရှိပြီး အနောက်အာဖရိကကလာသူ အများစုဖြစ်တဲ့ ဆန္ဒပြသူတွေဟာ ဗော်လ်တဲယားနဲ့ ဗစ်တာဟူဂိုတို့လို အမျိုးသား သူရဲကောင်းတွေကို မြှုပ်နှံထားရာ  အဆောက်အဦထဲ ၀င်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ရိုက်တာကို ပြောပါတယ်။ မော်ရီတေးရီးယားနိုင်ငံက အထောက်ထားမဲ့ ရွှေ့ပြောင်းလာသူတဦးက ပါသီနွန်အဆောက်အဦဟာ ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်တဲ့ နေရာဖြစ်တာမို့ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ဒေါသဖြစ်နေတာကို ပြသဖို့ လာရောက်တာလို့ ပြောပါတယ်။ ပြင်သစ်နိုင်ငံကို ရောက်မလာခင်က ပြင်သစ်ဟာ လူ့အခွင့်အရေးတင်မကဘဲ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုရှိတဲ့ နိုင်ငံလို့ သိထားပြီး ရောက်လာချိန်မှာတော့ လူမျိုးရေးခွဲခြားရေး အများအပြား ကြုံတွေ့ရတယ်လို့ သူက  ပြောခဲ့ပါတယ်။
2 years Ago

April 6, 2019

ရွှေ့ပြောင်းလာသူများကို အီတလီက ကမ်းပေါ်ဆင်းခွင့်မပြု

ရွှေ့ပြောင်းသူများကယ်ဆယ်ရေး  ဂျာမန် သဘောင်္ပေါ်က ရွှေ့ပြောင်းလာသူတွေကို အီတလီအာဏာပိုင်တွေက ကမ်းပေါ်ဆင်းခွင့် မပြုတဲ့အတွက် ဧပြီ ၅ ရက်က အဲဒီသဘောင်္ဟာ အီတလီရေပိုင်နက် ပြင်ပမှာ ဆက်ရှိနေပါတယ်။ အဲဒီ ကုသိုလ်ဖြစ် Sea-Eye သဘောင်္ကနေ ကယ်ဆယ်ထားတဲ့ ရွှေ့ပြောင်းလာသူ ၆၄ ယောက်ကို ဂျာမန်အစိုးရက တာဝန်ယူဖို့ အီတလီလက်ယာယိမ်းခေါင်းဆောင် မာသဲယိုဆယ်ဗန်နီက ပြောထားပါတယ်။ အဲဒီသင်္ဘောဟာ ဧပြီလ ၃ ရက်က လစ်ဗျားကမ်းလွန်ကနေ ရွှေ့ပြောင်းလာသူတွေကို ကယ်ဆယ်ခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး ၁၂ ယောက်၊ ၁၁ လအရွယ် မိန်းကလေးနဲ့ ၆  နှစ်အရွယ် ယောကျာ်းလေးတို့ ပါဝင်တယ်လို့ Sea-Eye သတင်းရင်းမြစ်က ပြောပါတယ်။ ရာသီဥတု ဆိုးရွားတာကြောင့် အဲဒီသင်္ဘောဟာ အခုအခါ  အီတလီပိုင် လမ်ပက်ဒူဆာ ကျွန်းငယ်ဆီ ဦးတည်မောင်းနှင်နေတယ်လို့  အီတလီပြည်ထဲရေးဌာ တာဝန်ရှိပုဂ္ဂိုလ်က ဆိုပါတယ်။ အီတလီရေပိုင်နက်အတွင်း အဲဒီသင်္ဘောဝင်ရောက်တာကို ငြင်းပယ်တဲ့ စာတစောင်ကို အီတလီ နိုင်ငံခြားရေး ၀န်ကြီးဌာနက ရောမမြို့ရှိ ဂျာမန်သံရုံးကို ပေးပို့ခဲ့ပါတယ်။ လက်ယာယိမ်းခေါင်းဆောင် မာသဲယိုဆယ်ဗန်နီ အာဏာရတဲ့ ဇွန်လကတည်းက အခုချိန်အထိ အီတလီနိုင်ငံကို ရွှေ့ပြောင်းလာသူတွေ ရောက်ရှိမှုဟာ ၅၃၂ ယောက်သာရှိပြီး တဟုန်ထိုး ကျဆင်းခဲ့တယ်လို့ အစိုးရ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။
2 years Ago
More News
Up