ရွှေ့ပြောင်းမိသားစု

February 13, 2019

မြစ်ထဲဖြတ်ကူးသည့် ရွှေ့ပြောင်းမိသားစုတစုကို အမေရိကန် ကယ်ဆယ်

ဖေဖော်ဝါရီ ၁၂ ရက်နေ့က အမေရိကန်-မက္ကဆီိကို နယ်စပ် ရီယိုဂရန်းဒေးမြစ်ကို ဖြတ်ကူးလာတဲ့ ရွှေ့ပြောင်းမိသားစုတစုကို အမေရိကန် အာဏာပိုင်တွေက ကယ်ဆယ်ခဲ့ပါတယ်။ ရင်ညွန့်လောက်နက်တဲ့ ရေထဲမှာ လူကြီးနဲ့ ကလေးငယ်တွေ ဖြတ်ကူးနေချိန် အမေရိကန် တာဝန်ရှိသူတွေ လှေနဲ့ရောက်လာပြီး ကယ်ဆယ်ခဲ့တာပါ။ အီးဂဲလ်တောင်ကြားအနီးမှာ ဖြတ်ကူးနေကြတဲ့ တခြားရွှေ့ပြောင်းလာသူတွေကို အမေရိကန် အာဏာပိုင်တွေနဲ့အတူ မြင်တွေ့ရပါတယ်။ ဗဟိုအမေရိကရွှေ့ပြောင်းလာသူ ၂၀၀၀ လောက်ဟာ မက္ကဆီကိုဘက်ခြမ်း ယာယီခိုလှုံရေး စခန်းမှာ စာရွက်စာတမ်း ကိစ္စအတွက် စောင့်ဆိုင်းနေချိန် နယ်စပ်မှာ ကင်းလှည့်အဖွဲ့ဝင်တွေ ရေက်ရှိနေပြီး နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားပါတယ်။ နယ်စပ် တရားမ၀င် ကူးလာသူတွေကို ခိုလှုံခွင့်ပေးရေး ခေတ္တရပ်ဆိုင်းဖို့ သမ္မတ ထရမ့်က နည်းလမ်းရှာဖွေနေပါတယ်။ ခိုလှုံခွင့်တောင်းခံသူတွေအနေနဲ့ သူတို့တောင်းဆိုချက်ကို ကြားနာနေချိန် မက္ကဆီကိုမှာပဲ  စောင့်နေရမယ်လို့လည်း သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။
2 years Ago
Up