ရွှေ့ပြောင်း

March 31, 2019

ရွှေ့ပြောင်း ဆယ်ကျော်သက် ၃ ဦး ရေနံတင်သင်္ဘောကို ပြန်ပေးဆွဲမှုဖြင့် စွဲချက်တင်ခံရ

လစ်ဗျားကမ်းလွန်ကနေ ကယ်ဆယ်ခဲ့တဲ့ ရွှေ့ပြောင်းလာသူတွေထဲက ဆယ်ကျော်သက် ၃ ယောက်ဟာ ကယ်ဆယ်တဲ့ ရေနံတင် သင်္ဘောငယ်ကို ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှုနဲ့ မတ် ၃၀ ရက်နေ့က မော်လ်တာ တရားရုံးမှာ စွဲချက်တင်ခံရပါတယ်။ အဲဒီ ဆယ်ကျော်သက် ၃ ယောက်ဟာ ဒီသီတင်းပတ်အတွင်း အယ်လီဘူဝမ်း ဆိုတဲ့  ရေနံတင်သင်္ဘောငယ်က ကယ်ဆယ်ခဲ့တဲ့ အာဖရိကန်ဒုက္ခသည် ၁၀၈ ယောက်ထဲက ဖြစ်ပြီး သူတို့က သူတို့မှာ အပြစ်မရှိဘူးလို့ ပြောဆိုပါတယ်။ မတ်လ ၂၇ ရက်နေ့မှာ ကယ်ဆယ်ခဲ့တဲ့ သင်္ဘောအမှုထမ်းတွေကို သူတို့အား လစ်ဗျားပြန်မပို့ဘဲ မော်လ်တာနိုင်ငံကို ပို့ဖို့ ခြိမ်းခြောက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ ဒီအတွက် မော်လ်တာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီရေနံတင်သင်္ဘောငယ်ပေါ်တက်ပြီး သင်္ဘောကို ဗယ်လက်တာ ဆိပ်ကမ်း ကပ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ တရားခံ ၃ ယောက်ဟာ အသက် ၁၅ နှစ်၊ ၁၆ နှစ် နဲ့ ၁၉ နှစ်အရွယ်တွေ ဖြစ်ပြီး တဦးက အိုင်ဗရီကို့စ်နဲ့ ကျန်နှစ်ဦးကတော့ ဂီနီနိုင်ငံတွေက ဖြစ်ပါတယ်။ မြေထဲပင်လယ်ကို ဖြတ်ပြီး ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေ တဟုန်ထိုး မြင့်တက်ပြီးကတည်းက အီးယူနိုင်ငံတွေအကြား ရွှေ့ပြောင်းလာသူအရေးနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီပြသနာကြောင့် လူမှုရေးနဲ့ လုံခြုံရေးပိုင်း ဆောင်ရွက်ရတာတွေ များလာခဲ့ပြီး လက်ယာစွန်းတွေ၊ အမျိုးသားရေးဝါဒီတွေနဲ့ လူထုကြိုက် အဖွဲ့အစည်းတွေကို ထောက်ခံတာတွေ မြင့်တက်လာပါတယ်။
2 years Ago

December 29, 2018

ရွှေ့ပြောင်းဒုက္ခသည် ၃၀၈ ကျော်ကို ကယ်လာသည့် စေတနာသင်္ဘောကြီး စပိန်ကို ရောက်ရှိ

ရွှေ့ပြောင်းဒုက္ခသည် ၃၀၈ ယောက်ကို ကယ်တင်လာတဲ့ စေတနာသင်္ဘောကြီး Open Arms ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့က စပိန်နိုင်ငံတောင်ပိုင်းက အလ်ဂျီစီရာ့စ် ဆိပ်ကမ်းကို ဆိုက်ရောက်လာပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေကို ဒီဇင်ဘာ ၂၁ ရက်က လစ်ဗျားကမ်းလွန် မြေထဲပင်လယ်မှာ ကယ်ဆယ်ခဲ့တာပါ။ ကယ်ဆယ်ရေးသင်္ဘောကြီးဟာ မြေထဲပင်လယ်ထဲ မိုင် ၂ ထောင်ကျော် သွားခဲ့ပြီးနောက်မှာ ဆိုက်ကပ်ခဲ့တာပါ။ ရွှေ့ပြောင်းခရီးသည်တွေရဲ့ ကျန်းမာရေးစစ်ဆေးဖို့ ကြက်ခြေနီဝန်ထမ်းတွေကလည်း ဆိပ်ကမ်းမှာ စောင့်ကြိုနေပါတယ်။ သူတို့ကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရဲတွေက စစ်ဆေးဦးမှာဖြစ်ပြီး၊ စပိန်နိုင်ငံမှာ နေထိုင်ဖို့ သူတို့လျှောက်လွှာတွေကိုလည်း တဦးချင်းရဲ့ အကြောင်းအရာအလိုက် ဆန်းစစ် အကဲဖြတ်မှာဖြစ်ပါတယ်။ ဒီကူညီရေးသင်္ဘောကြီးကို မော်လ်တာနိုင်ငံနဲ့ အီတလီနိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံ အတော်များများက ဝင်ရောက်ခွင့်  ငြင်းပယ်ထားပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က မိခင်တဦးနဲ့ သူ့ရဲ့မွေးကင်းစ ကလေးငယ်ကို ကျန်းမာရေးစောင့်ရှောက်မှုရဖို့ မော်လ်တာနိုင်ငံကို ရဟတ်ယာဉ်နဲ့ ခေါ်သွားတာတောင်မှ ပြည်ဝင်ခွင့် မရခဲ့ပါဘူး။
2 years Ago
More News
Up