ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန ၁၁ ခု ဖွင့်လှစ်

September 26, 2018

ရနောင်း ရွှေ့ပြောင်းအလုပ်သမားစင်တာ ဘယ်လိုဝန်ဆောင်မှုပေးနေလဲ - မြန်မာသံအရာရှိကို မေးမြန်းချက်

ထိုင်းနိုင်ငံ ပင်လယ်နားနီး ၂၂ ခရိုင်မှာ ရေလုပ်သားပေါင်း ၄ သောင်းကျော် ပြ တ်လပ်နေတဲ့ ပြဿနာကို ကူညီဖြေရှင်းပေးတဲ့အနေနဲ့  ထိုင်း-မြန်မာ ၂ နိုင်ငံအစိုးရတို့ ပူးပေါင်းပြီး “ရွှေ့ပြောင်းအလုပ်သမားများအတွက် ဆိုက်ရောက်ခြင်းနှင့် ပြန်လည်ပေါင်းစည်းရေး” စင်တာတခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ရနောင်းမြို့ ပတ်နမ့်ရပ်ကွက်ထဲမှာ တရားဝင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။   ဒီစင်တာမှာ ဘယ်လိုအလုပ်သမားတွေအတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးနေသလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာမြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးကို ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး -  ရနောင်းမှာ ရေလုပ်သားတွေအတွက် မှတ်ပုံတင်ပေးရေးစခန်းတခု ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က စပြီးဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီစခန်းက အလုပ်သမားတွေအတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးမှာလဲ။ ဖြေ -   ရေလုပ်သားအတွက် သီးသန့်မဟုတ်ပါဘူး။ ရွှေ့ပြောင်းအလုပ်သမားအားလုံး အတွက် ဖြစ်ပါတယ်။ ၀န်ဆောင်မှုပေးတာကတော့ လုပ်ငန်း ၃ ခုရှိပါတယ်။ ပထမတချက်က မြန်မာပြည်က အမ်အိုယူနဲ့ ထိုင်းတောင်ပိုင်းကိုလာမယ့် အလုပ်သမားတွေပေါ့နော်၊ တကယ်လို့ ကော့သောင်းဘက်ကနေ ကူးလာမယ်ဆိုရင် မဲဆောက်ကနေ တပတ်ကြီးပတ်စရာ မလိုတော့ ဘူးပေါ့။ တောင်ပိုင်းက ရေလုပ်သားအများဆုံးဆိုတော့ ရေလုပ်သားတွေအတွက်လည်း ပါ တာပေါ့။ သွားရပြန်ရ လမ်းခရီးနီးသွားအောင် ဒီအစီစဉ်ကို လုပ်လိုက်တာပါ။ ဒုတိယတခုက အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ပြန်ဖို့ လိုတယ်ဆိုရင် အဲဒီ ဘက်ကလည်း ပြန်နိုင်မှာပေါ့နော်။ အမ်အိုယူသမားမှ မဟုတ်ဘူး၊ တခြားအလုပ်သမားတွေ လည်း အဲဒီစခန်းကနေ ပြန်လို့ရတယ်။ အဲဒီစခန်းမှာ လ၀က ရှိတယ်၊ စီအိုအီး (အလုပ်သမား ရှာဖွေခန့်ထားရေး) နဲ့  ဆ၀ဒီးကန် (အလုပ်သမားကကွယ်စောင့်ရှောက်ရေး ) လည်းရှိတယ်။ မြန်မာလုပ်သား သံအရာရှိရုံးလည်း အဲဒီနားမှာပဲ၊ အလုပ်ရှင်နဲ့ ပြဿနာဖြစ်လာလို့ ကိုယ့် အခွင့်အရေးအတွက် တိုင်ခဲ့ချင်ရင်လည်း အဲဒီမှာတိုင်လို့ရတယ်။ အလုပ်သမားကိစ္စ လုပ်ထုံး လုပ်နည်းနဲ့ ပတ်သက်လို့ နားမလည်ရင်လည်း အဲဒီမှာ သွားတိုင်ပင်ဆွေးနွေးလို့ရတယ်။ တတိယတခုက ထိုင်းနိုင်ငံထဲမှာ အထောက်အထားမရှိလို့ ဥပဒေနဲ့ မညီမညွတ်ဖြစ်သွား တယ်ဆိုရင် ပြန်ပို့ခံရတာရှိတယ်၊ အဲဒီလူတွေအတွက် အရင်က ထိုင်းလ၀ကရုံးမှာ သွားစု ရတယ်၊ အခုတော့မဟုတ်ဘူး။ ကာယကံရှင်တွေက အကျိုးအကြောင်းရှိတယ်ဆိုရင် အခုစ ခန်းမှာ ဖွင့်ထားတဲ့ အလုပ်သမားသံအရာရှိဆီသွားရုံပဲ။ ကျနော်တို့က အဲဒီမှာ ထားထားပေး မယ်၊  လူစုမယ်၊ လိုအပ်တဲ့အချက်အလက်တွေ စိစစ်မယ်၊ တခြားဘာမှမရှိတော့ဘူးဆိုရင် အဲဒီစခန်းကနေ တရားဝင်မြန်မာဘက်ခြမ်းကို လှေနဲ့ အခမဲ့ ပြန်ပို့ပေးမယ်။ ဟိုဘက်ကမ်း ကလည်း မိမိနိုင်ငံသား ဟုတ်မဟုတ်စိစစ်ပြီးတော့ နေရင်းရပ်ပြန်ပို့ပေးမယ်၊ ပြန်လည်ညှိနှိုင်းပေါင်းစပ် ပြန်ပို့ပေးတဲ့အစီအစဉ်ပေါ့။ မေး - ဒီလို တနေရာတည်း ၀န်ဆောင်မှုပေးတာ ပထမဆုံးအကြိမ်လား။ ဖြေ -  ပထမဆုံးဖန်ရှင်  နံပါတ် ၁ အစီအစဉ်ကတော့ အရင်ကမရှိဖူးဘူး။ အရင်က အမ်အိုယူလုပ်သားတွေ တောင်ပိုင်းကိုသွားမယ်ဆိုရင် မဲဆောက်ကနေ လာရတာလေ၊ အခုတော့ ရနောင်းဘက်က ပိုနီးသွားတာပေါ့။ ပြန်မယ်ဆိုရင်လည်း လ၀ကရုံးမှာ တုံးသွားထု ရတယ်၊ အခုတော့ ဒီစခန်းမှာပဲ လာထုလို့ရတယ်၊ အရင်လိုပုံစံဘဲ လုပ်ချင်တယ်ဆိုလည်း ရတယ်။၊ မေး - ဒီလိုစခန်းမဖွင့်ခင်က အလုပ်သမားတွေ ဘယ်လိုပြဿနာရှိကြပါသလဲ။ ဖြေ - ဘယ်လိုပြဿနာလဲဆိုတော့ လှေနဲ့ကူးမယ်ဆိုရင် လှေခတွေပိုတောင်းတာ၊ လှေ မရှိလို့ ဆက်အိပ်ရတာမျိုး၊ လ၀က တုံးကလည်း ထုပြီးသွားပြီ အထဲလည်းပြန်ဝင်လာလို့မရ တာမျိုး။ နောက်တခုက ဟိုရုံးသွားလိုက်၊ ဒီရုံးသွားလိုက်၊ ဆိုင်ကယ်ငှါးရ၊ ကားငှါးရနဲ့ စရိတ်ပိုကုန် အချိန်ပိုကုန်တာတွေ ရှိတာပေါ့နော်။ အလုပ်သမားတွေ  ပြဿနာဖြစ်တာ၊ အလုပ်သမား အခွင့် အရေးကိစ္စတွေရှိရင် တခြားဒေသမှာရှိတယ်ဆိုရင် ဖုံးဆက်လာလို့လည်းရတယ်၊ ကျနော်တို့ အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်တွေ၊ LA Thailand https://www.facebook.com/MOEAUNGKH/ မှာ တင်ထားတယ်၊ အဲဒီပေ့ခ်ျ မက်ဆေ့ခ်ျထဲမှာ ပို့ထားလည်း ရတယ်။ မေး - စခန်းဖွင့်ပွဲနေ့က မြန်မာရေလုပ်သား ၆၇ ဦးအတွက် အလုပ်သမားမှတ်ပုံတင်တွေ လုပ်ပေးလိုက်တယ်လို့ သိရပါတယ်။ သူတို့က မြန်မာပြည်ကနေ တိုက်ရိုက်လာကြတာလား။ ဖြေ - မြန်မာအလုပ်သားဆိုတော့ မြန်မာပြည်ကလာတာပေါ့။ ဒါပေမယ့် သူတို့က ထိုင်း နိုင်ငံမှာ ရေလုပ်သားအဖြစ်လုပ်နေတဲ့သူတွေခင်ဗျ၊ လူဟောင်းတွေပါ။ အရင်က တရား မ၀င်ဖြစ်နေတာကို ဒီစခန်းဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ နှစ်နိုင်ငံညှိနှိုင်းပြီး တရားဝင်ဖြစ်အောင်လုပ်ပေးလိုက်တာ။ မေး - ဒါဆိုရင် နောက်ထပ်တရားမ၀င်ရေလုပ်သားတွေ ရှိနေသေးရင်လည်း တရားဝင်အောင် လာလုပ်လို့ရမလား။ ဖြေ - ရပါတယ်။ ဒါပေမယ့် သူတို့အလုပ်ရှင်ရယ်၊ ထိုင်းနိုင်ငံ ရေလုပ်ငန်းရှင်များ အသင်းရယ်၊ သူတို့ရှိနေတဲ့ ခရိုင်အလုပ်သမားရုံးတွေနဲ့ ဆက်သွယ်ပြီးလုပ်ပေးရမယ်ခင်ဗျ။ မေး - ထိုင်းမှာ ရေလုပ်သားပေါင်း  ၄ သောင်းကျော် ၅ သောင်းလောက်လိုအပ်တယ်လို့ သိရပါတယ်။ မြန်မာပြည်အနေနဲ့ ဘယ်လောက်ပို့ပေးနိုင်မလဲ။ ဖြေ -  ပို့နိုင်မလားဆိုတော့ တကယ်တမ်း ကျနော်တို့ ခွင့်ပြုချက်ရပြီးတဲ့အချိန်ပေါ့လေ၊ ဒီလုပ်ငန်းနဲ့ ထိတွေ့မှု ရှိတဲ့ဒေသမှာ ကျနော်တို့ အေဂျင်စီက  ဆားဗစ် ( ၀န်ဆောင်မှု) တွေ မေး စမ်းကြည့်ကြမှာပေါ့။ နောက်တခုက အလုပ်ခေါ်စာမရှိဘဲ လူစုဆောင်းလို့မရဘူး။ ဒီဘက်က အလုပ်ခေါ်စာတွေရမှ၊ ခွင့်ပြုချက်တွေ အဆင့်ဆင့်တင်ပြီးမှ ကျလာပြီဆိုမှ အလုပ်သမားတွေ ပို့လို့ရမယ်။ အကြမ်းဖျင်းတော့ ဒီလာမယ့် နိုဝင်ဘာလမှာ စပြီး ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ မေး -  နောက်ဆုံးအနေနဲ့ အလုပ်သမားတွေကို ဘာထပ်မှာကြားစရာရှိပါသလဲ။ ဖြေ  - ကျနော်တို့ဝန်ကြီးဌာနနဲ့ နိုင်ငံတော်အစိုးရရဲ့ ၀န်ကြီးဌာနပေါ့နော်၊ ကနဦးအနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ရေလုပ်သားလိုအပ်ချက်ပေါ် မူတည်ပြီးတော့ တရားမ၀င်ဖြစ်နေတဲ့ အလုပ်သ မားတွေကို တရားဝင်ဖြစ်အောင် ပထမဦးစားပေး လုပ်ပေးနေတာဖြစ်တဲ့အတွက် မိမိကိုယ်မိမိ တရားမ၀င်ဘူးဆိုတာသိနေရင် တရားဝင်ဖြစ်အောင် ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်ကြပါ။ နောက်ပြီးတော့ တရားမ၀င်နေထိုင်ကြရလို့ ကိုယ့်ရဲ့ရပိုင်ခွင့်တွေ ဆုံးရှုံးနေ ရတယ်ဆိုရင်လည်း ကျနော်တို့အလုပ်သမားသံအရာရှိရုံးကို ဆက်သွယ်ကြပါလို့ ပြောချင်ပါ တယ်။ အဓိက အချက်အလက်ကတော့ မိမိပါသွားတဲ့ စက်လှေနံပါတ်၊ စက်လှေပိုင်ရှင်နာမည်၊ မိမိရောက်ရှိနေတဲ့နေရာ၊ မိမိကိုယ်ရေးအချက်အလက်တွေ လိုအပ်တာပေါ့နော်။ ဖုန်းဆက်ရတာ အဆင်မပြေရင်လည်း မက်ဆေ့ခ်ျတွေ ပို့ထားလို့ရပါတယ်။ မှတ်ချက် - အထက်ပါ အကြောင်းအရာများသည် ထိုင်းနိုင်ငံ ပင်လယ်နားနီး ၂၂ ခရိုင်ရှိ အလုပ်သမားများအတွက်သာ အကြုံးဝင်ပါသည်။ ထိုင်းနိုင်ငံရှိ ရေလုပ်သားများအနေဖြင့် မှတ်ပုံ တင်သက်တမ်းတိုးခြင်းကို ယခု စက်တင်ဘာလ ၃၀ အထိ နောက်ဆုံးထား လာရောက်ဆောင်ရွက်ကြရန် သက်ဆိုင်ရာမှ ကြေညာထားပါသည်။
3 years Ago

July 20, 2017

ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဝင်ခွင့် ဗီဇာတံဆိပ်တုံးအတုထုပေးသည့်ဂိုဏ်းကို ဖမ်းဆီး

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့နယ်မှာ ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းနိုင်ငံဝင်ခွင့် ဗီဇာတံဆိပ်တုံးအတု ထုပေးတဲ့အဖွဲ့ကို အလုပ်သမား ကူညီရေးအဖွဲ့နဲ့ ထိုင်း အာဏာပိုင်တွေပူးပေါင်းပြီး ဇူလိုင် ၁၉ ရက်ညက ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီမတိုင်ခင် ဇူလိုင် ၁၈ ရက်နေ့က မဟာချိုင်နယ်မြေ ဘန့်ထုလပ်ရပ်ကွက်ရှိ အိမ်တအိမ်မှာ ပွဲစားတွေက လာထားသွားတဲ့ မြန်မာပြည်က  အလုပ်သမားပေါင်း ၁၀၀ ကျော်ကို ကယ်ထုတ်ပြီး တဲ့နောက်  AAC မဟာမိတ်အလုပ်သမားကူညီရေးအဖွဲ့၊  LPN အလုပ်သမားအခွင့်အရေး မြှင့်တင်ရေး အဖွဲ့ နဲ့ DSI ထိုင်းအထူးမှုခင်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ နဲ့ လ၀က၊ ရဲတွေပါပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နောက်ထပ် လူကုန်ကူခံသူ လူ ၆ ဦးကို ပြန်လာကယ်ထုတ်ရင်း ဗီဇာတံဆိပ်တုံး အတုတွေပါ တွေ့ခဲ့ရတာလို့ AAC မဟာ မိတ်အလုပ်သမားကူညီရေးအဖွဲ့မှ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ “တနေ့ကကယ်လိုက်တဲ့ ၁၁၉ ယောက်နဲ့ တဖွဲ့တည်း၊  မနေ့ညက ထပ်သွားကယ်တာက ၆ ယောက်၊ ယောကျာ်း ၂ ယောက်၊ မိန်းကလေး ၄ ယောက်၊ သူတို့ကို ၂ နေရာခွဲထားတာ၊ အခန်းတခုထဲ ပိတ်ထားတာ။ ကျနော်တို့က အဲဒါကို သွားထုတ်တာပေါ့နော်၊ အဲဒီမှာ ပတ်စပို့ စာအုပ်မှာ ထုတဲ့ဗီဇာတုံးအတုကိုပါ ဖမ်းမိတာ။ တုံးထုမယ့် မြန်မာပတ်စပို့စာအုပ်ပေါင်း ၅၀ ကျော်တယ်။ အရင်က ဘယ်နှစ်အုပ်ထုပေးပြီးသွားလဲတော့ မသိဘူးပေါ့။ ပတ်စပို့ကတော့ အစစ်ပါ။ ဗီဇာက အတုဖြစ်တယ်။ အခုအဲဒါနဲ့ ပတ်သက်ပြီး အမျိုးသား ၂ ယောက်ကို ဖမ်းထားတယ်။ နှစ်ယောက်လုံး မြန်မာပဲ။ နာမည်တော့ ပြောလို့မဖြစ်ဘူး။ သူတို့တဂိုဏ်းလုံးမိဖို့ ထပ်လိုက်ရဦးမယ်လို့ ထိုင်းတာဝန်ရှိတွေကပြောတယ်။” အဆိုပါ အလုပ်သမားတွေမှာ ပဲခူးတိုင်းက အများစုဖြစ်ပြီး ထိုင်းဘက်ခြမ်းကို အလုပ်လာလုပ်ဖို့  ပွဲစားအဆက်အသွယ်နဲ့ တဦးကို မြန်မာငွေ ကျပ် ၄ သိန်းမှ ၆ သိန်းထိ ပေးခဲ့ရကာ ဒီရောက်မှ အလုပ်အကိုင်မရှိလို့ အခက်အခဲဖြစ်နေရတာပါ။ ပွဲစားက သူတို့ကို တရားမ၀င် နယ်စပ်လမ်းကနေ ခေါ်ဆောင်ခဲ့တာကြောင့် ထိုင်းလ၀က ဗီဇာတုံး အစစ်တွေ မထုရဘဲ အခုလို အတုနဲ့ တိုးနေတာဖြစ်ပါတယ်။ လောလောဆယ် သူတို့အားလုံးကို ထိုင်းစစ်တပ် အချုပ်ခန်းမှာ ထိန်းသိမ်းထားပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်း-မြန်မာသံရုံးအလုပ်သမားအရာရှိတွေကို တယ်လီဖုန်းဆက်အကြောင်းကြား ထားပေမယ့် ဖုန်းမကိုင်သလို  တစုံတရာ လာရောက်အားပေးကူညီခြင်းလည်း မရှိကြောင်း၊  အလုပ်သမားတွေ ခုလိုဒုက္ခရောက်နေရတာကို အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေပါ သိစေချင်၊ ကူညီဖြေရှင်းပေးစေချင်တယ်လို့ ကိုရဲမင်းက ပြောပါတယ်။
5 years Ago
More News
Up