ရွှေဝါရောင်တော်လှန်ရေး

A d v e r t i s e m e n t With Us

September 25, 2017

ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့်အခမ်းအနား ကျင်းပ

နိုင်ငံလုံးဆိုင်ရာရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ဓမ္ပ္မပိယသာသနာ့ရိဿာကျောင်းတိုက်မှာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ရည်ရွယ်ချက် သုံးခုနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးဣဿရိယ ခေါ် မင်းသုည က မိန့်ကြားသွာပါတယ်။ ၂၀၀၇ စက်တင်ဘာလ ကတည်းက သံဃာတော်တွေကို အကြမ်းဖက်စော်ကားခဲ့တဲ့ စစ်အာဏာရှင် အစိုးရကို ဘုရားဒေသနာတော်အရ သပိတ်မှောက်ခဲ့တဲ့ ပတ္တနိကုဇ္ဇနကံကို လည်း ဒီနေ့အချိန်အထိ မလှန်ရသေးဘူးလို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ကြားပါတယ်။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း အဲဒီအချိန်က စစ်အစိုးရဟာ ပြည်သူလူထု အပေါ်နဲ့ သံဃာတော်တွေအပေါ်ပေးခဲ့တဲ့ ကတိစကားတွေ မတည်ခဲ့ဘူး။ ပြည်သူအချင်းချင်း နှိပ်စက်ခဲ့တယ်။ အကြမ်းဖက်ခဲ့တယ်လို့ ပြောဆိုသွားပါတယ်။ ၁၀ နှစ်ပြည့် အခမ်းအနားကို ပြည်တွင်းပြည်ပ ရွှေဝါရောင်သံဃာတော်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားမျိုးဆက်အသီးသီးတွေနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ တက်ရောက်ကြပြီး သဝဏ်လွှာတွေကို ပေးပို့ခဲ့ပါတယ်။
3 years Ago

September 28, 2016

ရွှေဝါရောင်တော်လှန်ရေးတွင်းကျဆုံးခဲ့သည့် ဂျပန်သတင်းထောက်ကင်မရာ ရရှိရေး ဆက်လက်တောင်းဆိုမည်

၂၀၀၇ ခု ရွှေဝါရောင် တော်လှန်ရေးအတွင်း စက်တင်ဘာ ၂၇ ရက်နေ့က ဆူးလေအနီး မှာစစ်သားတဦးက အနီးကပ်ပစ်လို့ သေဆုံးသွားသူဂျပန်အခြေစိုက် အေပီအဖ်သတင်းဌာနက မစ္စတာ နဂအိ ခန်းဂျီ (Kenji Nagai ) ရဲ့ ၉ နှစ်မြောက်အနေနဲ့ညီမဖြစ်သူ (နိုရိကို အိုဂ၀ စံ) Ogawa Noriko-san က မွေးရာဇာတိ (အိမ ဘရှီ ချီ) အုတ်ဂူမှာမှာ သွားရောက်ကန်တော့ခဲ့ပြီး အခုလို ပြောကြားခဲ့တာပါ။ နဂအိစံ ရဲ့ဆန္ဒကို အကောင်အထယ်ဖော်ဖို့ မိသားစုဝင်သူတယောက်ထဲ ကျန်ပေမယ့် ဆက်လက်ပြီး မြန်မာအစိုးရကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် တောင်းဆိုသွားမှာပါ လို့လည်း ပြောသွားခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရကနေ ဒီမိုကရေစီအစိုးရအဖြစ်ပြောင်းလဲလာပြီမို့ သူမ အကို မျှော်မှန်းခဲ့တဲ့ နိုင်ငံတကာက ပြည်သူတွေကို တင်ပြချင်တဲ့တိတ်ခွေနဲ့ ကင်မရာကို ပြန်လည် ရရှိရေးဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ကြောင်းသတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။ ဖြစ်နိုင်ရင်လာမယ့်နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် ဂျပန်လာခဲ့ရင် တွေ့ဆုံပြောဆိုချင်ပါတယ် လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။ ကင်မရာပြန်လည်ရရှိရေး ဂျပန်ပြည်သူ ၁ သိန်း ၃ သောင်းကျော်ရဲ့ ဆန္ဒပြုတောင်းဆို လက်မှတ်တွေကို တိုကျိုမြန်မာသံရုံးကတဆင့်ပေးပို့ခဲ့ပြီး ထိုအချိန်ကဂျပန်အစိုးရက အိုဒီအေ အပါအ၀င်အကူအညီ အထောက်အပံ့တွေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။ တိုကျိုအခြေစိုက် APF သတင်းဌာနမှာ ၁၉၉၆ ခုနှစ်ကတည်းက ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ မစ္စတာနာဂအိဟာ ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပြီ ဖြစ်ပါတယ် သူဟာ အာဖဂန်နစ္စတနနိုင်ငံ၊ အီရတ်နဲ့ ပါလက်စတိုင်းနယ်စပ် အပါအ၀င်နိုင်ငံတကာက စစ်ပွဲသတင်းတွေနဲ့ဒုက္ခရောက်နေတဲ့ ကလေးသူငယ်တွေရဲ့သတင်းတွေကိုအဓိကထားကာ ဂျပန်နဲ့နိုင်ငံတကာကပြည်သူတွေကို သိအောင်သတင်းယူ ဆောင်ရွက်ခဲ့သူထင်ရှားတဲ့ ဂျပန်သတင်းထောက်တယောက်ဖြစ်ပါတယ်။ ဂျပန်သတင်းထောက် နဂအိ ခန်းဂျီ (ပတ်စ်ပို့နံပါတ် MS00222000)ဟာ ဗွီဒီယိုနဲ့ ဓာတ်ပုံ မှတ်တမ်းအရ ယာဘက်ဝမ်းဗိုက်အောက် သေနတ်နဲ့ထပ်ဆင့်ပြီး အပစ်ခံခဲ့ရလို သေဆုံးခဲ့ရ ပါတယ်။ ပစ်သတ်ခံရမှုကို ဗွီဒီယိုမှတ်တမ်းတွေ ဓာတ်ပုံတွေ သက်သေခိုင်ခိုင်မာမာ ရှိနေပေမယ့် သေဆုံးခဲ့ရမှုနဲ့ပတ်သက်လို့ အဆိုပါပစ်ခတ်နှိမ်နင်းမှုတွေမှာ ပစ်မိန့်ပေးခဲ့သူတွေ ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ်ခဲ့သူတွေကို ယခုထိတိုင်အောင် တရားဥပဒေအရ အရေးယူတာ မရှိသေးပါဘူး။  
4 years Ago
Up