ရွှေပြည်သာ

August 3, 2018

ရွှေပြည်သာတွင် ရေကြီး၍ လူ ၄၀၀ ကျော် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ (ဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ငွေချောင်းသာချောင်း ရေကြီးတဲ့အတွက် လူနေအိမ်ခြေ ၁၀၀ လောက် ရေဘေးဒဏ်ခံနေရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ သြဂုတ် ၂ ရက်၊ နေ့လယ် ၃ နာရီခွဲအချိန် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၄ ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၁၀၀ လောက် အိမ်ကြမ်းခင်းအထိ ရေတက်လာတဲ့အတွက် ဒေသခံတွေ ရေဘေးဒဏ်ခံခဲ့ရတာပါ။ အိမ်ထောင်စု ၉၃ စုက ရေဘေးသင့်ပြည်သူ ၄၁၀ ကျော်တို့ကို ရေဘေးကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားတဲ့ ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၄ ရပ်ကွက်ရှိ ရွှေမြို့ဝန်ဇီးကုန်း ဘုန်းတော်ကြီးကျောင်းကို မီးသတ်တပ်ဖွဲ့က ကူညီပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့  
3 years Ago

May 29, 2018

ရွှေပြည်သာတွင် လေပြင်းတိုက်ခတ်ပြီး နေအိမ်များ ပျက်စီး

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ  ဒီနေ့မနက်ပိုင်းက လေပြင်းတိုက်ခတ်လို့ လူနေအိမ်တော်တော်များများ ပျက်စီးခဲ့ပါတယ်။ ဒီမနက်အစောပိုင်း ၃ နာရီကျော်က လေပြင်းတိုက်၊ မိုးရွာခဲ့တာကြောင့် ရွှေပြည်သာ အမှတ် ၈၊ ၉၊ ၁၉၊ ၂၀ စတဲ့ ရပ်ကွက်တွေမှာ သစ်ပင်တွေ၊ ဓာတ်မီးတိုင်တွေလည်း လဲပြိုပျက်စီးခဲ့တာပါ။ အဲဒီရပ်ကွက်တွေကို ဒီမနက်ကပဲ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ မြို့တော်ဝန်ဦးမောင်မောင်စိုးကတော့ လေဆင်နှာမောင်းဒဏ် ခံခဲ့ရတာလို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ-Ygn Chief Minister Office
4 years Ago
Up