ရွှေခြေထောက်ပိုင်ရှင် ပါရမီရှင်မွန်ကလေးငယ်နှင့် တွေ့ဆုံခန်း (ရုပ်သံ)

A d v e r t i s e m e n t With Us

January 22, 2017

ရွှေခြေထောက်ပိုင်ရှင် ပါရမီရှင်မွန်ကလေးငယ်နှင့် တွေ့ဆုံခန်း (ရုပ်သံ)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ အထူးရေပန်းစားနေတာကတော့ ရုပ်သံအစီအစဉ်တခုမှာ ဘောလုံးကို အံ့သြဘွယ်ရာ ထူးချွန်စွာ ကစားပြပြီး ဆုတွေဆွတ်ခူးခဲ့တဲ့ အသက် ၇ နှစ်ရွယ်  ဆူဝင် ဒါမှမဟုတ် နွန်ပီးလို့ လူသိများတဲ့ မြန်မာပြည်က မွန်တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်တဦး အကြောင်းပဲ ဖြစ်ပါတယ်။ အဲဒီမွန်ကလေးငယ်လေးရဲ့ အနာဂတ် ရည်မှန်းချက်တွေကို ဘန်ကောက်ပို့သတင်းစာက တွေ့ဆုံမေးမြန်းထားပါတယ်။ နွန်ပီးက သူ့ရဲ့ဘောလုံးကျွမ်းကျင်မှုက သူ့ရဲ့အနာဂတ်အတွက် အာမခံချက် ပေးမယ်လို့လည်း မျှော်လင့်နေပါတယ်။ နွန်ပီး- ကျနော့် နာမည်က ဆူဝင်ပါ။ အသက် ၇ နှစ်ပါ၊ ကျနော့်ရဲ့ ရင်းနှီးတဲ့သူတွေ ခေါ်တဲ့ အမည်ကတော့ နွန်ပီးပါ။ မေးမြန်းသူ။ ။ ဂိုးဘားတန်းကို ထိအောင်ကန်ဖို့ ကြိုးစားခဲ့တာ ဘယ်အသက်အရွယ်က စ ကစားခဲ့တာလဲ။ နွန်ပီး။ ။ ကျနော် အသက် ၅ နှစ် ဒါမှမဟုတ် ၆ နှစ်လောက်မှာ စ ကစားခဲ့တာပါ။ မေးမြန်းသူ။ ။ ဘာလို့ ဂိုးတိုင်က မင်းရဲ့အနှစ်သက်ဆုံး ပစ်မှတ်ကစားတဲ့ နေရာ ဖြစ်နေတာလဲ။ နွန်ပီး။ ။ ဒါက ကျနော့်ရဲ့ တိတိကျကျဖြစ်တဲ့ စွမ်းရည်ကို လေ့ကျင့်ဖို့ အကူအညီဖြစ်စေလို့ပါ။ မေးမြန်းသူ။ ။ မင်းကို ဘယ်သူက ဒီလိုကစားဖို့ သင်ပေးခဲ့တာလဲ။ နွန်ပီး။ ။ ကျနော်ရဲ့ နည်းပြ အဂျာန်ဆုမ်ဘတ်ပါ။ နည်းပြ။-အဂျာန်ဆုမ်ဘတ် - နွန်ပီးက ဒီမှာမွေးလာပြီး (Inter Thailand) အကယ်ဒမီမှာပဲ ကြီးလာတာပါ။ ကလေးရဲ့ မိဘတွေက ဘောလုံးကွင်းမှာ အလုပ်လုပ်တဲ့သူတွေပါ။ ဒီကလေးကို အကယ်ဒမီမှာ လက်ခံပြီးတဲ့နောက် ကျနော် သတိထားမိတာက ကလေးရဲ့ ဘယ်ဘက်ခြေထောက်က ဘောလုံးကို ကန်ဖို့ စွမ်းအင်အပြည့် ရှိနေတာပဲ။ ကလေးက ၄ နှစ်ပဲ ရှိသေးပေမယ့် ဒီအသက်အရွယ် ကလေးတွေ မလုပ်နိုင်တဲ့ ဘောလုံးကို ခြေထောက်နဲ့ နောက်ပြန် ကန်တာကို သူလုပ်နိုင်တယ်။ နွန်ပီး။ ။ ကျနော် ဘောလုံးကို အကြိမ် ၂၀၀ ထိ ခြေနဲ့တော့ပြီး ကန်နိုင်တယ်။ တွေ့ဆုံမေးမြန်းသူ။ ။ အနာဂတ်မှာ မင်း ဘာဖြစ်ချင်လဲ။ နွန်ပီး။ ။ ထိုင်းနိုင်ငံအသင်းရဲ့ လက်ရွေးစင်ပါ။ နည်းပြ။ ။ နွန်ပီး မှာ အရည်အသွေးရှိတယ်။ အထူးသဖြင့် သူ့ရဲ့ဘယ်ဖက် ခြေထောက်ပါ။ သူ့မှာ စွမ်းအားပြည့်တဲ့ ကန်နိုင်စွမ်းရည်ရှိပြီး သူက ကစားသမားကောင်းတယောက် အဖြစ် ကြီးပြင်းလာမယ်လို့ ကျနော် ယုံကြည်တယ်။ နွန်ပီး အသက် ၄ နှစ်အရွယ်မှာ သူ့ထက်ကြီးတဲ့ ကလေးတွေထက် သူက ပိုတော် ပိုကောင်းနေတယ်။ သူ့အရွယ် မျိုးဆက်တွေထဲမှာ သူကအတော်ဆုံးပဲလို့ နည်းပြက ပြောသွားပါတယ်။
4 years Ago
Up