ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ Ballon d'Or (ဘန်နွန်ဒေါ့) ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ရွှေဘောလုံးဆုအတွက် ပထမအဆင့် ဆန်ခါတင် လူ ၃၀ စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
အဲဒီစာရင်းတွေထဲမှာ စီရိုနယ်ဒိုက ရေပန်းစားနေပြီး မက်ဆီနဲ့ ဆွာရက်ဇ်တို့လည်း ရေပန်းစားနေပါတယ်။ ဆုရမယ့်သူကိုတော့ နိုင်ငံတကာက အားကစားသတင်းထောက်တွေ နိုင်ငံလက်ရွေးစင်အသင်းနည်းပြနဲ့ အသင်းခေါင်းဆောင်တွေက မဲပေး ရွေးချယ်ကြမှာဖြစ်ပြီး မဲအများရရှိသူက ရွေးချယ်ခံရမှာပါ။
စီရော်နယ်ဒိုဟာ ၂၀၁၃ နဲ့ ၂၀၁၄ တွေမှာ ဆုရရှိခဲ့ဖူးပြီး မက်ဆီကတော့ မနှစ်က အဲဒီဆုကို ရရှိခဲ့သလို ၂၀၁၀ ကနေ ၂၀၁၂ အထိ ၃ နှစ် ဆက်တိုက်ရထားသူလည်း ဖြစ်ပါတယ်။
6 years Ago