ရွှေဈေး၊ ဒေါ်လာဈေး ထပ်တက်၊ မန္တလေးဈေးကွက်မဖွင့်နိုင်

June 13, 2015

ဒေါ်လာဈေးမတည်ငြိမ်မှုကြောင့် ငွေလဲကောင်တာအချို့ အရောင်းပိတ်

ရက်ပိုင်းအတွင်း ဒေါ်လာဈေးအတက်ကြမ်းခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်းက တရားဝင်ငွေလဲကောင်တာတချို့မှာ ဒေါ်လာအရောင်းပိတ်တာတွေ ရှိလာပါတယ်။ ဒေါ်လာပေါက်ဈေးဟာ ဇွန်လ ၁၀ ရက်နေ့မှာ ၁ ဒေါ်လာကို မြန်မာငွေ ၁၂၀၀ကျော် အထိ ဈေးပေါက်ခဲ့တာကြောင့် ဒါဟာ  ဗဟိုဘဏ်ရည်ညွှန်းဈေးနဲ့ ကွာခြားတာကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေအဖြစ် သွင်းကုန်ဈေးတက်ခြင်း၊ ရွှေဈေးမြင့်တက်လာခြင်း စတာတွေပါ ဆက်လက်ဖြစ်ပေါ်လာပါတယ်။ လက်ရှိဈေးကွက်မှာတော့ ဗဟိုဘဏ်ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတွေမှာတော့ လက်ကျန်ဒေါ်လာငွေမရှိတာကြောင့် မရောင်းချနိုင်ကြောင်း အကြောင်း ပြထားပါတယ်။ ဒီ့အတွက် ဘဏ်တခုကပြောဆိုရာမှာတော့ အဓိက ဒေါ်လာရောင်းတဲ့သူရှိမှ ပြန်ရောင်းချပေးနိုင်မယ်လို့ ဆိုထားပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာတော့ ဒေါ်လာငွေလဲလှယ်နှုန်း ၁ ဒေါ်လာကို မြန်မာငွေ ၁၃၀၀ နီးပါးရှိခဲ့ပြီး၊ ဇွန်လ ၁၁ ရက်နေ့မှာတော့ ၁၂၀၀ ၀န်းကျင်နဲ့၊ ဇွန်လ ၁၂ ရက်နေ့မှာတော့ ၁၁၈၅ ကျပ် ဖြစ်ခဲ့ပါတယ်။
6 years Ago

June 10, 2015

ရွှေဈေး၊ ဒေါ်လာဈေး ထပ်တက်၊ မန္တလေးဈေးကွက်မဖွင့်နိုင်

ရက်ပိုင်းအတွင်း တရှိန်ထိုးတက်လာတဲ့ ရွှေနဲ့ ဒေါ်လာဈေးဟာ ဒီနေ့မှာ ကျပ်  ၈ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ မန္တလေးမှာတော့ ဒီနေ့ နေ့လယ်အထိ ဈေးကွက် မဖွင့်နိုင်သေးဘူးလို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ "ရန်ကုန်ဈေးက တက်နေတော့ ဒီမှာက အရောင်းအ၀ယ်မရှိဘူး" လို့ ပြောပါတယ်။ မနေ့ညနေကတော့ မန္တလေး ရွှေဈေးဟာ ၇၇၇၀၀၀ ကျပ်နဲ့ ဈေးကွက်ပိတ်ခဲ့တာပါ။ ရန်ကုန် ဈေးကွက်မှာတော့ ၇၈၄၀၀၀ နဲ့ ဈေးကွက်ဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းမှာ ၈၀၀၅၀၀ ကျပ်အထိဖြစ်ပြီး ဈေးကွက်ပိတ်သွားပါတယ်။ ဒေါ်လာဈေးကတော့ Money Changer တွေမှာ ၀ယ်ဈေး ၁၁၁၂ ကျပ် နဲ့ ရောင်းဈေး ၁၁၁၄ ကျပ်ဖြစ်ပါတယ်။ "လာရောင်းမယ့်သူက မရှိသလောက်ပဲ။ အဲဒါကြောင့် ကျနော်တို့လည်း ပြန်ရောင်းပေးလို့ မရဘူး" လို့ ကမ္ဘောဇဘဏ်ရဲ့ မားကက်တင်း မန်နေဂျာ ဦးသက်ကိုကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။ ပြင်ပပေါက်ဈေးကတော့ ဒီနေ့မနက် ဈေးကွက်ဖွင့်ချိန်မှာ ၁၂၃၇ ကျပ်ဖြစ်ပြီး နေ့လယ်မှာတော့ ၁၂၉၀ ကျပ် အထိ တက်သွားပါတယ်။  
6 years Ago
Up