ရွှေကျောင်းတော်ကြီးကို ကမ္ဘာ့ရှေးဟောင်း

February 6, 2018

ရွှေကျောင်းတော်ကြီးကို ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံထိန်းသိမ်းရေးအဖွဲ့က ထိန်းသိမ်းမည်

မန္တလေးမြို့ရှိ သမိုင်းဝင်မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရွှေကျောင်းတော်ကြီးကို ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ (WMF) ကနေ ထိန်းသိမ်းပြုပြင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်တို့ရဲ့ အကူအညီနဲ့ WMF က နိုင်ငံတကာ သစ်သားပညာရှင်တွေ ပူးပေါင်းပြီး ရွှေကျောင်းကြီးကို ပြုပြင်ထိန်းသိမ်းနေတာလို့ ဒီနေ့ ဂျက်ဖာဆင်စာကြည့်တိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ ၂၀၁၇ နိုဝင်​ဘာလကတည်းက ​ရွှေ​ကျောင်းကြီးရှိ နယားအရုပ်​​တွေရဲ့ ​ရေနံ​ချေး၊  ဖုန်​မှုန့်​​တွေကို သစ်​သားပညာရှင်​ အာဇူလာအက်​နက်​(ရှ်​)ဂါစထရူဂါလာနဲ့အတူ မန္တ​လေး နည်းပညာတက္ကသိုလ်​က ​ကျောင်းသူ ကျောင်းသား​တွေ လုပ်​အား​ပေးအကူညီနဲ့ ပူးပေါင်း ပြုပြင်​ထိန်းသိမ်းခဲ့ကြပါတယ်​။ နယား​အရုပ်တွေနဲ့ ပတ်​သက်​ပြီး ​ရေးဆွဲတာကအစ ထိန်းသိမ်းမှု နည်းပညာနဲ့ မှတ်​တမ်း​တွေအတွက်​လည်း ​လေ့လာပညာယူနိုင်တယ်​လို့ စီမံကိန်းမှာ ပါဝင်​ကူညီတဲ့ အင်​ဂျင်​နီယာ ​ကျောင်းသား ကျောင်းသူ​တွေက​ ပြောပါတယ်​။ ​နှစ်ပေါင်း ၁၀၀ ကျော်​ပြီဖြစ်​တဲ့ ​ရွှေ​ကျောင်းကြီးဟာ ၁၈၅၀ နှစ် ကာလကတည်းက တည်​ရှိခဲ့တဲ့ အနုပညာလက်ရာတွေနဲ့ အလှဆင်ထားတဲ့ သစ်​သားအ​ဆောက်​ဦ ဖြစ်​ပါတယ်​။
3 years Ago
Up