ရွှေအမြောက်အမြား ၀တ်ဆင်ကျင်းပသည့် မင်္ဂလာပွဲ ဝေဖန်ခံရ

January 13, 2016

ရွှေအမြောက်အမြား ၀တ်ဆင်ကျင်းပသည့် မင်္ဂလာပွဲ ဝေဖန်ခံရ

တရုတ်နိုင်ငံတောင်ပိုင်းက မင်္ဂလာဆောင်တခုမှာ ရွှေတွေ အမြောက်အမြား ၀တ်ဆင်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သံတွေ စီစီညံနေပါတယ်။ ဇန်န၀ါရီ ၁၀ ရက်က ဂန်ဒေါင်းခရိုင် ဇောင်ရှန်မှာ မင်္ဂလာပွဲကို ကျင်းပခဲ့ပြီး မင်္ဂလာပွဲတက်သူတချို့က ဈေးကြီးတဲ့ကားတွေ ယူဆောင်လာသလို ဒီမင်္ဂလာပွဲအပေါ် တချို့က ချမ်းသာကြွယ်ဝမှုကို လှောင်ပြောင်ခဲ့ကြပါတယ်။ သတို့သားကလည်း ကွင်မင်းဆက်က အင်ပါယာဝတ်စုံကို ၀တ်ဆင်ထားသလို မင်္ဂလာပွဲတက်ရောက်တဲ့ အမျိုးသားတွေကတော့ ကွင်မင်းဆက်က စစ်တပ်ယူနီဖောင်းကို ၀တ်ဆင်ထားပါတယ်။ သတို့သမီးကလည်း လည်ပင်းမှာ ရွှေလက်ကောက်အကွင်း ၄၀ လောက်ကို ဆွဲထားသလို ဆံပင်မှာလည်း ရွှေတွေနဲ့ အလှခြယ်ထားပါသေးတယ်။ အမျိုးသမီးမိသားစုတွေက အလွန်ချမ်းသာကြွယ်ဝတယ်လို့လည်း ဆိုပါတယ်။ သတို့သားကလည်း ယွမ်သန်းချီပြီး တင်တောင်းခဲ့တာလို့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းက ရေးပါတယ်။
7 years Ago
Up