ရွှေသတ္တုတွင်းပြိုကျ

February 27, 2019

အင်ဒိုနီးရှားတွင် ရွှေသတ္ထုတွင်း ပြိုကျ၊ ပိတ်မိနေသူ ၆၀ ကျော်ကို ကယ်ထုတ်ရန် ကြိုးပမ်းနေ

အင်ဒိုနီးရှားနိုင်ငံ စူလာဝေစီကျွန်းပေါ်မှာ တရားမဝင် ရွှေသတ္ထုတွင်း ပြိုကျပြီး ပိတ်မိနေတဲ့ ရွှေတူးလုပ်သား အယောက် ၆၀ ကျော်ကို ကယ်ဆယ်ရေးအဖွဲ့တွေက တူးထုတ်ဖို့ ကြိုးစားနေပါတယ်။ ရွှေတွင်းပြိုကျရာနေရာမှာ အလုပ်သမားတွေနဲ့ ရွာသားတွေက ရွှံ့ထူတဲ့ တောင်စောင်းကနေ အသက်ရှင်သန် ကျန်ရစ်သူတွေကို ဆွဲထုတ်ပြီး ထမ်းစင်နဲ့ တင်ဆောင်သွားကြပါတယ်။ စူလာဝေစီပြည်နယ် ဘိုလန်မွန်ဂွန်ဒေါင်း ဒေသထဲက တောင်စောင်းမှာရှိတဲ့ ဥမင်တွင်းတွေထဲမှာ ပိတ်မိနေသူတွေရဲ့ အသံတွေကို ကြားရတယ်လို့ ကယ်ဆယ်ရေးတွေက ပြောကြားခဲ့ပြီး လူအများအပြား အသက်ရှင်နေသေးတယ်လို့ ယုံကြည်ကြပါတယ်။ ဒါဇင်နဲ့ချီတဲ့လူတွေ ရွှေတူးနေတုန်း တိုင်တွေနဲ့ တန်းတွေ ရုတ်တရက် ကျိုးကျခဲ့လို့ ရွှေတွင်းပြိုကျခဲ့တာဖြစ်ပြီး ဒီမနက် ၈ နာရီအချိန်ထိ အလောင်း ၃ လောင်းနဲ့ အသက်ရှင်ကျန်ရစ်သူ ၁၅ ယောက်ကို ကယ်ထုတ်ပြီးပြီလို့ ကပ်ဘေးလျော့ပါးရေး အေဂျင်စီက ပြောပါတယ်။
2 years Ago
Up