ရွှေသင်္ကန်း

March 22, 2019

ရွှေတိဂုံစေတီ ရွှေသင်္ကန်း တကျပ်သားတချပ်လျှင် ကျပ် ၁၀ သိန်းနှုန်း တိုးမြှင့်အလှူခံ

ရွှေဈေး တကျပ်သားကို ကျပ် ၁၀ သိန်းကျော်လာတဲ့အတွက် ရွှေတိဂုံစေတီတော်မှာ ကပ်လှူမယ့် ရွှေသင်္ကန်း တကျပ်သားတချပ်ကို  ငွေကျပ် ၁၀ သိန်းနှုန်းနဲ့ မေလ ၁ ရက်က စတင် တိုးမြှင့် အလှူခံသွားမယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၇ ဇန်နဝါရီ ၁ ရက်ကစပြီး ရွှေသင်္ကန်း တကျပ်သားရွှေပြားကို ကျပ်ရှစ်သိန်းနဲ့ အလှူခံနေရာကနေ လက်ရှိ ရွှေဈေးဟာ ကျပ် ၁၀ သိန်းကျော် ရောက်လာတဲ့အတွက် ရွှေစင်ရွှေပြား တကျပ်သားတချပ်ကပ်လှူတိုင်း ရွှေသင်္ကန်းတော် အလှူငွေကနေ စိုက်ထုတ်သုံးစွဲရတဲ့ ငွေကြေးပမာဏ များပြားလာတဲ့အတွက် တိုးမြှင့်လိုက်တာလို့ ဆိုပါတယ်။ အရင်ကလည်း ပြင်ပပေါက်ဈေးနဲ့ အလှူခံနှုန်းထား ကွာခြားလာရင် တိုးမြှင့်အလှူခံခဲ့တဲ့ အစဉ်အလာတွေလည်း ရှိခဲ့တယ်လို့ ဂေါပက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
2 years Ago
Up