ရွှေမန်းရတနာကား

A d v e r t i s e m e n t With Us

June 1, 2019

ခရီးသည် ၄၅ ဦး လိုက်ပါလာသည့် ရွှေမန်းရတနာကား မိုင်းထိမှန်

ရခိုင်ပြည်နယ် စစ်တွေကနေ ရန်ကုန်ကိုထွက်သွားတဲ့ ရွှေမန်းရတနာ ခရီးသည်တင်ကားတစီးဟာ ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ကြာအမ်းတောင်ကျေးရွာအလွန်မှာ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ဒီကနေ့ ညနေ ၄ နာရီကျော်မှာ မြေပုံမြို့နယ်၊ ကြာအမ်းတောင်ကျေးရွာအလွန်မှာ မိုင်းပေါက်ကွဲမှုဖြစ်သွားတာလို့ ရွှေမန်းရတနာ ကားဒရိုင်ဘာ ကိုအောင်နိုင်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။ "ကားတစီးရှေ့ကအလာမှာ လမ်းဘေးရှောင်လိုက်တာ။ ကားကို လမ်းဘေး နည်းနည်းချလိုက်တာမှာ မိုင်းပေါက်ကွဲသွားတာပါ။ ကားရဲ့နောက်ဘီးထိသွားတယ်။ ကားရဲ့ဘော်ဒီတွေရောထိသွားတယ်။ မှန်တွေရော ထိသွားတယ်ဗျ၊ ခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။" လက်ရှိမှာတော့ ရွှေမန်းရတနာကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို အဲ့ဒီအနီးအနားက ထမင်းဆိုင်တဆိုင်မှာ နေရာချထားပြီးတော့ အခြားကားတစီးနဲ့ သယ်ယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ ရွှေမန်းရတနာခရီးသည်တင်ကားပေါ်မှာ ခရီးသည် ၄၅ ဦး လိုက်ပါပြီး စစ်တွေကနေ ရန်ကုန်ကို သွားတာဖြစ်ပါတယ်။ သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-စိုးသူရ
2 years Ago
Up