ရွှေဘို-မြစ်ကြီးနားကားလမ်းတွင်

A d v e r t i s e m e n t With Us

May 28, 2017

ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ်တွင် ဆီတင်ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ်မှာ မေ ၂၇ ရက် ညနေ ၃ နာရီက ဆီတင် ၆ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့လို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်စဉ်မှာ ရွှေဘိုမြစ်ကြီးနားကားလမ်းမှာ ယာဉ်မောင်း ထွန်းနိုင်မောင်းနှင်လာတဲ့ ဒီဇယ်ဆီပေပါ ၅၃ လုံးတင်ဆောင်လာတဲ့ ၆ ဘီးယာဉ်နဲ့ နေဇော်ဝင်းမောင်းနှင်ပြီး ဦးကျော်ဆွေ လိုက်ပါစီးနင်းလာတဲ့ ဆိုယ်ကယ်တို့ မိုင်တိုင်အမှတ် ၃/၁၆၆ မှာ တိုက်မိပြီး ဆိုင်ကယ်စီးသူ နှစ်ဦးမှာပြင်းထန်စွာဒဏ်ရာရရှိကာ မော်လူးတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ မော်လူးတိုက်နယ်ဆေးရုံမှတဆင့် ကသာဆေးရုံ ပို့ဆောင်စဉ် ဦးကျော်ဆွေဟာ ဒဏ်ရာပြင်းထန်စွာရရှိတဲ့အတွက် ကသာဆေးရုံအရောက်မှာ သေဆုံးခဲ့ပြီး ဒဏ်ရာရှိသူ ဇော်ဝင်း ကတော့ ကသာဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုခံယူနေတယ်လို့ သိရပါတယ်။
4 years Ago

March 15, 2017

ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးရှိ သစ်တောကျွန်းစိုက်ခင်း တောမီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်းဘေး ဖက်ဆွတ်ကြိုးဝိုင်းအတွင်းရှိ သစ်တောကျွန်း စိုက်ခင်းမှာ  မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီလောက်က တောမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ်၁၄၆/၄ အနီး ဖက်ဆွတ်ကြိုးဝိုင်းအတွင်းရှိ သစ်တောဌာနပိုင် ကျွန်းစိုက်ခင်းမှာ တောမီးလောင်မှုဖြစ်ပွားခဲ့ပြီး အင်းတော်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ၉ ဦး၊ မီးသတ်ယာဉ် ၂ စီး နဲ့ ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ညနေပိုင်းကလည်း အင်းတော်မြို့နယ် နဘား-ကသာ မီးရထားလမ်း တံတားအမှတ် ၁၄ ပေါ်ရှိ ဇလီဖားတုံးတွေ တောမီးမှတဆင့်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့  အင်းတော်မြို့နယ်မီးသတ်စခန်းက မီးသတ်ဦးစီး ဦးလှမျိုးလွင်က ပြောပါတယ်။ ကိုကိုလင်း(အင်းတော်)
4 years Ago
Up