အမေရိကန် ပြည်ထောင်စုမှာ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အောက်တိုဘာလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ဧရာမ ရွှေဖရုံသီးပြိုင်ပွဲမှာ အော်ရီဂွန်မှာနေတဲ့ လယ်သမား ဇနီးမောင်က ဆုရရှိသွားပါတယ်။
စတီ ဒဲလ်တက်စ်တို့ ဇနီးမောင်းနှံရဲ့ ပြိုင်ပွဲဝင် ရွှေဖရုံသီးဟာ တတန်နီးပါး၊ ပေါင်ချိန် နှစ်ထောင်နီးပါး အလေးချိန် စီးပါတယ်။ ဆုကြေးအဖြစ် ဒေါ်လာ တသောင်းတထောင်ကို သူတို့ ဇနီးမောင်နှံ ရရှိပါတယ်။
ဒါတောင် ဒီနှစ်မှာ ကယ်လီဖိုးနီးယား ပြည်နယ်မှာ မိုးခေါင်နေတာကြောင့် ပြိုင်ပွဲဝင် ရွှေဖရုံသီးတွေဟာ မနှစ်က စံချိန်ကို မမီဘူးလို့လည်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
5 years Ago