ရွှေတံဆိပ်ဆု

July 21, 2018

ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိခဲ့သူကို ဂုဏ်ပြု

ပြီးခဲ့တဲ့ ဇွန်လက ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာနို်င်ငံအတွက် ရွှေတံဆိပ် ရရှိခဲ့သူကို ဇူလိုင် ၂ဝ ရက်နေ့ညက မော်လမြိုင်မြို့မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု ရွှေတံဆိပ်ရယူပေးခဲ့သူ မွန်ပြည်နယ်မှ ကိုသောင်းတန်ကို ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ ရွှေတံဆိပ်ဆုရှင် ကိုသောင်းတန်ဟာ ၇ဝ ကီလိုတန်း ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကိုသောင်းတန် အပါဝင် အားကစားသမား ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂ ခုနဲ့ ငွေတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။
3 years Ago
Up