ရွှေတူးဖော်ရေး

A d v e r t i s e m e n t With Us

July 14, 2018

ရွှေတူးဖော်ရေး ရပ်ဆိုင်းထားသဖြင့် ရွှေလုပ်သားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ

စဥ့်ကူမြို့နယ်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေး ကုမ္ပဏီတွေကို သတ္ထုတွင်း နည်းဥပဒေအသစ် အတည်ပြု မထုတ်ပြန်ချိန်အတွင်း ရွှေတူးဖော်ခွင့်ပိတ်ထားလို့ စဥ့်ကူးမြို့နယ် အတွင်းရှိ ကျည်တောက်ပေါက်၊ နွယ်ရုံ၊ ကံတောင်၊ ဒိုးနွယ်၊ ငါးပြားပေး ကျေးရွာတွေက ရွှေလုပ်သားတွေ အလုပ်လုပ်ကိုင်စရာ မရှိဘဲ စားဝတ်နေရေး အခက်ကြုံနေရပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ရွှေတူးဖော်ခွင့် ပိတ်သိမ်းထားတာကြောင့် နားရပေမယ့် မထိခိုက်ပေမယ့် ရွှေတွင်းလုပ် သားတွေအဖို့မှာ တနေ့လုပ်တနေ့စားတွေ ဖြစ်လို့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိတယ်လို့ ရွှေလုပ်သားတဦးက  ပြောပါတယ်။ သတ္ထုတွင်းဝန်ကြီးဌာနအနေနဲ့ ရွှေတူးဖော်ခွင့် လိုင်စင်ချထားပေးမည်ဆိုပါက ဒေသခံ တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ အများပိုင်ကုမ္ပဏီတွေကို တရားဝင်ခွင့်ပြုချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားကြပြီးဖြစ်ရာ လိုင်စင်ချပေးမယ်ဆိုရင် အများပိုင်ကုမ္ပဏီတွေကိုသာ ဦးစားပေးပြီး ချထားပေးစေလိုတယ်လို့ ဆိုပါတယ်။ သပိတ်ကျင်း စဥ့်ကူးနယ်မှာ နှစ်နယ်အရပ်ရပ်မှ လာရောက်မှီခို လုပ်ကိုင်နေကြသူဖြစ်ပြီး တချိန်က ရွှေလုပ်သားတွေက ရွှေရှိမယ့်နေရာကို လက်မျောလေးတွေနဲ့ တနိုင်တပိုင် ရှာဖွေနေကြပေမယ့် ချမ်းသာတဲ့ ငွေရှင်ကြေးရှင် ကုမ္ပဏီတွေက သတ္ထုတွင်းဝန်ကြီးဌာနကို တရားဝင်တူးဖော်ခွင့်တင်ကာ လိုင်စင်ရပြီး ရွှေလုပ်ကွက်တွေ လုပ်ကိုင်ကြလို့ မူလရှာဖွေတွေ့ရှိသူ ရွှေလုပ်သားတွေမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ကြတယ်လို့ ရွှေလုပ်သားတဦးက ပြောပါတယ်။ ရွှေလုပ်သားတွေ တခြားနေရာ ပြောင်းလဲလုပ်ကြလို့ ရွှေကြောတွေ့ရှိပါကလည်း ထုံးစံအတိုင်း ကုမ္ပဏီတွေကပဲ လက်ဝါးကြီးအုပ် လုယူခဲ့တာကြောင့် ရွာနားမြက် ရွာနွားမစားရ အဖြစ်မျိုး ရောက်ရှိနေကြရသလို ကုမ္ပဏီတွေလည်း ဒေသခံရွှေလုပ်သားတွေကို ဦးစားပေး အလုပ်ခန့်တာ မရှိဘူးလို့ ဆိုပါတယ်။ အစိုးရသစ်လက်ထက်မှာ သဘာဝသယံဇာတကို ခွဲဝေသုံးစွဲရာ ဒေသခံလုပ်သားတွေကိုလည်း အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးစေလိုနေကြပါတယ်။ သပိတ်ကျင်းမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်က အများပိုင်ကုမ္ပဏီတွေ အလုပ်အကိုင်ရရှိရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။ လက်ရှိအခြေအနေမှာ ရွှေလုပ်သားတထောင်ကျော်လောက် ကုမ္ပဏီတွေ ပိတ်သိမ်းထားလို့ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး ခက်ခဲလျက်ရှိနေကြပါတယ်။ မင်းခန့်ကျော်
3 years Ago

November 2, 2015

တရားမဝင် ရွှေတူးဖော်မှု အရေးယူပေးရန် သပိတ်ကျင်းဒေသခံများ ဆန္ဒပြ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က ရွှေထွက်တဲ့ဒေသတွေမှာ ဒေသခံတွေရဲ့ မြေယာတွေကို သိမ်းပြီး တရားမ၀င် ရွှေတူးဖော်နေတာကို အရေးယူပေးဖို့ ကျေးရွာ ၆ ရွာက ရွာသားတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီက သပိတ်ကျင်းမြို့နယ် ချမ်းသာရွှေပြည် ဘောလုံးကွင်းမှာ ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။ သပိတ်ကျင်းမြို့နယ် ချောင်းကြီး၊ ရေထွက်၊ ၇ မိုင်၊ ၆ မိုင်နဲ့ လိပ်ကျကျေးရွာတွေက ဒေသခံ ၁၀၀ လောက်က သူတို့မြေပေါ်မှာ လက်ဝါကြီးအုပ် ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့ အာဏာပိုင်တွေကို အရေးယူပေးဖို့ တောင်းဆိုတာလို့ ဒေသခံတွေကို ကူညီပေးနေတဲ့ ဦးအေးသိန်းက ပြောပါတယ်။ “သပိတ်ကျင်းမြို့နယ်ရဲ့ ရွှေထွက်တဲ့ ဒေသတွေမှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေထဲမှာ သူတို့ ရွှေကုမ္ပဏီတွေနဲ့ ဒေသခံ အာဏာပိုင်တွေ ပေါင်းပြီးတော့မှ မြေသိမ်းတဲ့ကိစ္စတွေရှိတယ်။ ဒေသခံတွေရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲနဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းဖို့ပဲ ဒေသခံ အာဏာပိုင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်ရဲမှူးတို့က အကာအကွယ် ပေးပြီးတော့မှ လုပ်နေတဲ့သူတွေကို အရေးယူပေးဖို့ ဒေသခံပြည်သူ ရွာပေါင်း ၆ ရွာက ဆန္ဒပြကြတာဗျာ။” သပိတ်ကျင်းမြို့နယ်က ရွှေထွက်တဲ့ ဒေသတွေမှာ မြန်မာစည်သူ ရွှေတူးဖော်ရေးကုမ္ပဏီ၊ ဝေလင်းထိုက် ရွှေတူးဖော်ရေးကုမ္ပဏီ၊ လက်ပံပြန့်ကျေးရွာ ဒေသဖွံ့ဖြိုးရေးကုမ္ပဏီ အစရှိတဲ့ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေ ရွှေတူးဖော်နေကြတာပါ။ ရွှေတူးဖော်ရေးကုမ္ပဏီတွေ ဝင်ရောက်တူးဖော်နေတာကို အရေးယူပေးဖို့နဲ့  ထွက်ခွာပေးဖို့ ဒေသခံတွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ ရေထွက်ကျေးရွာမှာ မြန်မာစည်သူကုမ္ပဏီနဲ့ ဒေသခံတွေ ပြဿ   နာဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့ပါတယ်။ မြန်မာစည်သူ ရွှေတူးဖော်ရေးကုမ္ပဏီပိုင် ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း ရွာသားတွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
5 years Ago
Up