ရွှေတိဂုံစေတီတော် ဝတ္ထုကံမြေအတွင်း လုံခြုံရေးစနစ် အဆင့်မြှင်တင်ရေး ဆွေးနွေး

September 2, 2018

ရွှေတိဂုံစေတီတော် ဝတ္ထုကံမြေအတွင်း လုံခြုံရေးစနစ် အဆင့်မြှင်တင်ရေး ဆွေးနွေး

ရွှေတိဂုံစေတီတော် ဝတ္ထုကံမြေအတွင်း လုံခြုံရေးစနစ် အဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ရွှေတိဂုံစေတီတော် ဝတ္ထုကံမြေအတွင်း လုံခြုံရေးစနစ်အဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ ကြပြီး သူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေတိဂုံစေတီတော်ကြီးအား ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်နိုင်ရေးအတွက် လုပ်ဆောင်ရမယ့် အခြေနေတွေကို ပြောကြားခဲ့သလို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးတယ်လို့ ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ FISCA Enterprise မှ တာဝန်ရှိ သူတွေ၊ Huawei Technologies မှ တာဝန်ရှိသူတွေနဲ့ ဂေါပကအဖွဲ့ဝင်တွေက လုံခြုံရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်သင့်တဲ့ နည်းပညာပိုင်း ဆိုင်ရာတွေကို တင်ပြခဲ့ပါတယ်။
3 years Ago
Up