ရွှေတိဂုံစေတီ

March 9, 2019

ဦးဖြိုးမင်းသိန်းနှင့်ဇနီး ရွှေတိဂုံစေတီတော်တွင် ရွှေခေါင်းလောင်းနှင့်ရွှေစင် ၆ ကျပ်သား လှူဒါန်း

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ဇနီးဟာ ဒီနေ့မနက်က ရွှေတိဂုံစေတီတော်ကို ရွှေခေါင်းလောင်းနဲ့ ရွှေစင် ၆ ကျပ်သား တင်လှူ ပူဇော်ခဲ့တယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ်နဲ့ဇနီး၊ လူမှုရေးဝန်ကြီးတို့ဟာ ရွှေတိဂုံ စေတီတော်ရဲ့ ပြတိုက်ပြခန်းဌာနမှာ ပိဋကတ်သုံးပုံ E- Library လုပ်ငန်းတွေ ဆောင်ရွက်နေတာကို သွားရောက် ကြည့်ရှုခဲ့တယ်လို့လည်း ဆိုပါတယ်။
3 years Ago

July 7, 2018

ရွှေတိဂုံစေတီတော်ကို လှူထားသည့် မြေနှင့်အဆောက်အအုံများ ပြန်လည်ရောင်းချမည်

ရွှေတိဂုံစေတီတော်ကို လှူဒါန်းထားတဲ့ အဆောက်အအုံနဲ့ တိုက်ခန်းတွေကို  ဈေးပြိုင်တင်ဒါစနစ်နဲ့ ပြည်လည်ရောင်းချသွားမယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။ အလှူရှင်တွေ လှူဒါန်းထားတဲ့ မြေ၊ အဆောက်အအုံနဲ့ တိုက်ခန်းတွေကို ဇူလိုင် ၁၃ ရက်နေ့ တင်ဒါခေါ်ယူပြီး ရောင်းချမှာပါ။ လေလံတင်ရောင်းချမယ်ပုံစံကို လက်ရှိမှာ အသေအချာမသိရသေးတာကြောင့်   အိတ်ဖွင့်စနစ်ပုံစံနဲ့အိတ်ပိတ်စနစ်ထဲက ပုံစံတစ်ခုခုနဲ့ ပြန်လည်ရောင်းချသွားမှာ ဖြစ်မယ်လို့  ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောပါတယ်။ လေလံတင်ရောင်းချမယ့် ပုံစံကိုတော့  ဇူလိုင် ၉ ရက်နေ့မှာ အစည်းအဝေးကျင်းပပြီး  ဆုံးဖြတ်သွားမှာပါ။ ရွှေတိဂုံစေတီတော်ကို လှူဒါန်းထားတဲ့ မြေ၊ အဆောက်အအုံနဲ့ တိုက်ခန်းတွေကတော့  ၁၉၉၁ ခုနှစ်နောက်ပိုင်းမှာ လှူဒါန်းထားတာလို့ ဆိုပါတယ်။ အခုလို လေလံတင်ရောင်းချရတာကတော့ လက်ရှိ ဒီအဆောက်အအုံတွေမှာ နေထိုင်တဲ့ သူတွေ အဆင်ပြေဖို့အတွက် ရည်ရွယ်ရောင်းချရတာလို့ ဦးထွန်းအောင်ငွေက ပြောပါတယ်။ ရောင်းချလို့ရတဲ့ ငွေကြေးကိုတော့ ရွှေတိဂုံစေတီတော်ဘက်စုံပြုပြင်တဲ့ အလှူရငွေထဲမှာ ထည့်သွင်းသွားမှာပါ။ လေလံတင်သွင်းမယ့် သူတွေအနေနဲ့ ဇူလိုင် ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးမှာ စာရင်းတင်သွင်းရမှာ ဖြစ်ပြီး လမ်းမတော်၊ လသာ စတဲ့ မြို့နယ် ၄ မြို့နယ်မှာရှိတဲ့ နေရာ ၇ နေရာက အဆောက်အဦနဲ့ တိုက်ခန်းတွေကို  လေလံတင်ရောင်းချသွားမှာပါ။
3 years Ago
Up