ရွှေတိဂုံလုံခြုံရေးတိုးမြှင့်

December 29, 2017

သံဃာ​အပါး ၁၈၀၀၀ ဆွမ်းဆန်​စိမ်း​လောင်းလှူပွဲအတွက် ရွှေတိဂုံလုံခြုံရေးတိုးမြှင့်

ရွှေတိဂုံ​စေတီ​တော်​မြတ်​ကြီးအား ဂိုဏ်း​ပေါင်းစုံ သံဃာ​တော်​အပါး ၁၈၀၀၀ ဖြင့်​ ဗုဒ္ဓာဘိ​သေက အ​နေကဇာတင်​ မဟာမင်္ဂလာနဲ့ ဆွမ်းဆန်​စိမ်း​လောင်းလှူပွဲ အခမ်းအနားအတွက်​ ဒီကနေ့မနက် ကစပြီး ဘုရားအ​ရှေ့ဘက်​မုဒ်​က ရဲတပ်​ဖွဲ့ဝင်​​တွေ လုံခြုံ​ရေး​စောင်​ကြပ်နေတာကို ​တွေ့ရပါတယ်​။ ဒီဇင်​ဘာလ ၂၈ ရက်​​နေ့က​နေ အခမ်းအနားကျင်းပမယ့်​ ဇန်​နဝါရီလ ၁ ရက်​​နေ့အထိ လမ်း​ဘေး​ဈေးသည်​​တွေကိုလည်း ရှင်းလင်းထားပါတယ်။ ဘုရား​စောင်းတန်းက ​ဈေးဆိုင်​ခန်း​တွေက​တော့ ဒီဇင်​ဘာလ ၃၀ ရက်​​နေ့က​နေ ဇန်​နဝါရီလ ၁ ရက်​​နေ့အထိ ​​ခေတ္တပိတ်​ထားရမှာ ဖြစ်​ပါတယ်​။ ​ရွှေတိဂုံဘုရား​ပေါ် တက်​​ရောက်​ဖူး​မြော်ဖို့ကိုလည်း​ခမ်းအနားကျင်းပမယ့်​ရက်​မတိုင်​ခင်​ ဒီဇင်​ဘာ ၃၁ ရက်​ည​နေ ၄ နာရီက​နေ ဇန်​နဝါရီ ၁ ရက်​​နေ့ မွန်းလွဲ ၁၂ နာရီအထိ ​​နာရီ​ပေါင်း ၂၀ ယာယီပိတ်​ထားမယ်​လို့ ​ဂေါပကအဖွဲ့က သတင်းထုတ်​ပြန်​ထားပါတယ်​။
3 years Ago
Up