ရွှေတိဂုံဘုရား

May 9, 2018

မြန်မာလုံချည် ဝတ်ပြီး ရွှေတိဂုံဘုရားသွားဖူးမည့် လိဒ်စ်ယူနိုက်တက် အသင်းသားများ (ဓာတ်ပုံ)

မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးဘောလုံးခြေစမ်းပွဲ ကစားဖို့ ရောက်ရှိနေကြတဲ့ အင်္ဂလန် လိဒ်စ်ယူနိုက်တက် အသင်းသားတွေဟာ မြန်မာဆန်ဆန် လုံချည်တွေ ဝတ်ဆင်ကာ ဒီကနေ့မနက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ လုံချည် ဝတ်ဆင်ထားကြတဲ့ လိဒ်စ်အသင်းသားတွေရဲ့ ဓာတ်ပုံတွေကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖေ့စ်ဘွတ်ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နာရီပိုင်းအတွင်းမှာတင် ဒီပုံတွေကို ကြိုက်နှစ်သက်သူ ၂ သောင်း ၁ ထောင်ကျော် ရှိနေခဲ့ပြီး ပြန်လည်မျှဝေမှုတွေလည်း ရှိနေခဲ့တာပါ။ လိဒ်စ်ယူနိုက်တက်အသင်းဟာ ဒီကနေ့ညနေ ရန်ကုန်မှာ  MNL All Stars အသင်းနဲ့ ကစားပြီးနောက် မေ ၁၁ ရက်မှာတော့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ မန္တလေးမြို့မှာ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်း မြန်မာနိုင်ငံမှာ ဘောလုံးပွဲ ခြေစမ်းကစားမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်္ဂလန်ရှိ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက အပြင်းအထန် ကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။    Photo : MFFMYANMAR
5 years Ago

April 19, 2018

ဗိုလ်တထောင်ဘုရားရှိ ဆံတော်ကို ရွှေတိဂုံဘုရားသို့ သံဃာအပါး ၄၅၀၀ ဖြင့် ပင့်ဆောင်ပူဇော်

ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မှာ ကိန်းဝပ်စံပယ်တော်မူနေတဲ့ မြတ်စွာဘုရားဆံတော်ကို ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဧပြီ ၁၉ ရက် မနက်က သံဃာတော် အပါး ၄၅၀၀ နဲ့ ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ သိမ်ဖြူလမ်း၊ ကန်ရိပ်သာလမ်း၊ နတ်မောက်လမ်းနဲ့ ဗဟန်း ကြားတောရလမ်းအတိုင်း ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ကို ပင့်ဆောင်တာ ဖြစ်ပါတယ်။ မြတ်စွာဘုရား ဆံတော်နဲ့အတူ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ကိုပါ တပါတည်း ပင့်ဆောင်ခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်မှာရှိတဲ့ ချမ်းသာကြီးတန်ဆောင်းမှာ အများပြည်သူ ဖူးမြော်ခင့်ရဖို့ ၇ ရက်တိုင်အောင် အပူဇော်ခံထားမှာဖြစ်ပါတယ်။ မြတ်စွာဘုရားဆံတော်ကို ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းမှာ  ဗိုလ်တထောင်ဘုရားကို ပြန်လည်ပင့်ဆောင်မှာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ-ပြည့်ဘုန်းအောင၊ စိုးမိုးအောင်
5 years Ago
More News
Up