ရွှေတိဂုံဘုရား

November 23, 2018

အမှိုက်ကင်းစင်ရေးလှုပ်ရှားမှု ရွှေတိဂုံဘုရားဝန်းကျင်တွင် ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှိုက်ကင်းစင်ရေး စုပေါင်းလှုပ်ရှားမှုတခုကို နိုဝင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား ပုရဝုဏ်ပတ်ဝန်းကျင်မှာ လုပ်ဆောင်ခဲ့ပါတယ်။ အခုလို စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ Clean Yangon အဖွဲ့သားတွေက ဦးဆောင်လုဆောင်ခဲ့တာပါ။ ဒီအမှိုက်ကောက်လှုပ်ရှားမှုကိုတော့ လူဦးရေ ၁၅၀၀ နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီလှုပ်ရှားမှုမှာ ကြက်ခြေနီ၊ မီးသတ်၊ ရဲတပ်ဖွဲ့ စတဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကပါ ပူးပေါင်းပါဝင်ခဲ့သလို ပရဟိတအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေကလည်း ပါဝင်ခဲ့ကြပါတယ်။ Clean Yangon အဖွဲ့သားတွေအနေနဲ့ ရန်ကုန်မြို့တော်သန့်ရှင်းဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းကာ ၁ လ ၁ ကြိမ် စုပေါင်းလှုပ်ရှားမှုတွေ ဆောင်ရွက်နေတာဖြစ်ပြီး အခုလှုပ်ရှားမှုဟာ အကြိမ် ၂၀ မြောက် လုပ်ဆောင်တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်လာတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ----ဆုဆုသွယ်  
3 years Ago

April 17, 2018

နှစ်ဆန်း ၁ ရက်နေ့ ရွှေတိဂုံဘုရားတွင် ဘုရားဖူးသူများဖြင့် စည်ကား

ဒီကနေ့ဟာ နှစ်ဆန်းတရက်နေ့ အခါသမ ဖြစ်တဲ့အတွက် တန်ခိုးကြီး ဘုရားတွေမှာ ဘုရားဖူးတွေနဲ့ စည်းကားနေပါတယ်။ ရန်ကုန်မြို့က ရွှေတိဂုံဘုရားမှာလည်း နယ်ပေါင်းစုံက ဘုရာဖူးတွေနဲ့ ထောင်းသောင်ချီးပြီး အထူးစည်းကားနေပါတယ်။ နှစ်သစ်အတွက် ဘုရားမှာ ၀တ်ပြု ဆုတောင်းတာ၊ လှူတန်းတာ၊ ငါးဘေးမဲ့ လွှတ်တာ၊ ကုသိုလ်ကောင်းမှု ပြုတာတွေ ပြုလုပ်ကြပါတယ်။ မန္တလေးက မဟာမြတ်မုနိ ဘုရားမှာလည်း နှစ်ဆန်းတရက်နေ့အတွက် ဘုရားဖူးတွေ အနယ်နယ် အရပ်ရပ်က လာရောက်ပြီး စည်းကားနေပါတယ်။ ဘုရားမှာ ရွှေသင်္ကန်းကပ်တာ၊ ဆီမီးပန်း၊ ရေချမ်း၊ ဆွမ်းခဲဘွယ်၊ စတာတွေ ကပ်လှူကြပါတယ်။ ဘုရားရင်ပြည်တော်မှာလည်း သန့်ရှင်းရေး လုပ်တာ၊ ငှက်စာကျွေးတာ၊ ငါးလွှတ်တာတွေနဲ့ ကုသိုလ်ယူခဲ့ပါတယ်။ အလားတူ မန္တလးက မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရားမှာလည်း နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရာဖူးသူ၊ ကုသိုလ်ပြုသူတွေနဲ့ ပြည့်နှက်နေပါတယ်။  
4 years Ago
More News
Up