ရွှေစက်တော်ဘုရားပွဲမစမီ ဈေးဆိုင်များ တည်းခိုဆောင်များ ဆောက်လုပ်

January 26, 2016

ရွှေစက်တော်ဘုရားပွဲမစမီ ဈေးဆိုင်များ တည်းခိုဆောင်များ ဆောက်လုပ် (သတင်းဓာတ်ပုံ)

မကွေးတိုင်းဒေသကြီး၊ မင်းဘူး စကုမြို့နယ် ရွှေစက်တော်ဘုရားပွဲတော် မစခင် နမ္မဒါမြစ်ကြောင်းဘေးမှာ ဈေးအရောင်းဆိုင်တွေ၊ တည်းခိုဆောင်အခန်းတွေ ဆောက်လုပ်နေကြပါတယ်။ အဲဒီဘုရားပွဲတော်မှာ နှစ်စဉ်နှစ်တိုင်း တည်းခိုဆောင်တွေ ဈေးအဆမတန် ကြီးခဲ့တာကြောင့် ဒီနှစ်မှာ ရွှေစက်တော်ဘုရားကို ပြောင်းရွှေ့လာတဲ့ ဂေါပကအသစ်က ဌာနဆိုင်ရာတွေကို တည်းခိုဆောင်တွေ ချမပေးတော့ဘူးလို့ ဒီဗွီဘီကို အတည်ပြု ပြောကြားထားပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပို့တွဲလဆန်း ၅ ရက်ကနေ နှစ်ဆန်း ၁ ရက်နေ့အထိ ၃ လကျော်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - လင်းဆက်အောင်  
7 years Ago
Up