ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနား ဖေဖော်ဝါရီ

February 17, 2017

ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးဈာပန ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ဖူးမျှော်

မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဇယမေဒနီဝါဆိုကျောင်း မဟာနာယက နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ ဆရာတော် ဘုရားကြီးရဲ ဈာပနအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိတွေ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်တွေက အန္တိမပူဇာအဖြစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က လှူဖွယ်ဝတ္ထုများကို သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ အမှူးပြုတဲ့ ဆရာတော်ကြီးတွေကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်အောင်
4 years Ago

February 15, 2017

ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနား ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်မည်

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ရွှေကျင်သာသနာပိုင် ဝါဆိုကျောင်း ဆရာတော်ဘုရားကြီးရဲ့ အန္တိမ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၁၂ နာရီအချိန်မှာ စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ဆယ်ဘီးကား ဒေါင်းယာဉ်နဲ့ သယ်ဆောင်ပြီး မန္တလေး တောင်ခြေ ရွှေမန်းတောင်အားကစားကွင်းမှာ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပပြုလုပ် သွားမှာပါ။ ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ သီတဂူဆရာတော်ဘုရားကြီးရဲ့ သြဝါဒအတိုင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်ပြီး ဆရာတော်ကြီးရဲ့ဈာပန ကျင်းပပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်အောင်
4 years Ago
Up