ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို မက်ဂရီဂေါ ရရှိ

January 9, 2018

ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို မက်ဂရီဂေါ ရရှိ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ကျင်းပတဲ့ ရွှေကမ္ဘာလုံးဆု ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို Limited Series ရုပ်သံဇာတ်လမ်းတွဲနဲ့ မင်းသား အီဝန် မက်ခ်ဂရီဂေါ (Ewan McGregor) က ရရှိသွားပါတယ်။ အခုလိုဆုရရှိတဲ့အတွက် မက်ခ်ဂရီဂေါက လုပ်ဖော်ကိုင်ဖက်တွေ၊ ဇနီးဖြစ်သူနဲ့ သားသမီးတွေကို စင်မြင့်ထက်ကနေ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ”အိုး..ကောင်းလိုက်တာ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဆုအတွက် ဟောလိဝုဒ် နိုင်ငံခြားသတင်းထောက်များ အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေနာ့်ကို အကောင်းဆုံး ဇာတ်ညွှန်း၊ အကောင်းဆုံး သရုပ်ဆောင်များအဖွဲ့၊ အကောင်းဆုံး ဒါရိုက်တာတွေနဲ့ အလုပ်တွဲ လုပ်နိုင်ဖို့ စီစဉ်ပေးတဲ့ FX၊ MGM ရုပ်ရှင်ကုမ္ပဏီတို့ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ မက်ခ် ဂရီဂေါက ပြောကြားခဲ့ပါတယ်။ မက်ခ်ဂရီဂေါက တွဲဖက်သရုပ်ဆောင်ခဲ့ရတဲ့ သရုပ်ဆောင် မင်းသမီး မာရီ အဲလိဇဘက် ဝင်းစတက်ရဲ့ အကူအညီမပါဘဲ အခုလို ဆုမရနိုင်ပါဘူးလို့လည်း ပြောလိုက်ပါတယ်။ အခုလို ဆုရရှိတဲ့အတွက် ၂၂ နှစ်ကြာ အနားက အမြဲတမ်း ရပ်တည်ပေးခဲ့တဲ့ ဇနီးဖြစ်သူ အက်ဗီမက်ရာကစ်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်း စင်မြင့်ထက်ကနေ ပြောကြားသွားပါတယ်။
3 years Ago
Up