ရေကြီး မြေပြို

September 4, 2018

တရုတ်တွင် ရေကြီးမြေပြိုမှုကြောင့် ၅ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မာလီပိုမြို့နယ်မှာ မိုးမုန်တိုင်းတွေကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့အတွက် စက်တင်ဘာ ၂ ရက်နေ့ထိ လူ ၅ ယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရပါတယ်။ မနက်ခင်း ၂ နာရီကနေ ၅ နာရီကြား မိုးကြီးပြီး မြေပြိုခဲ့တဲ့အတွက် လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတာပါ။ ရွာသားတွေကို ဘေးလွတ်ရာ ရွှေ့ပေးသလို ပျက်စီးကုန်တဲ့ လမ်းတွေကို ပြင်ဆင်နေပါတယ်။ လမ်းတွေပေါ်က အပျက်အစီးတွေကို ရှင်းထုတ်ဖို့ မီးသတ်နဲ့ ဒေသခံတွေ အတူ လုပ်ဆောင်နေပါတယ်။ အဲဒီနေ့ည ၁၁ နာရီ ဝန်းကျင်မှာ ယာဉ်ကြောနဲ့ လျှပ်စစ်မီးတို့ တချို့နေရာတွေမှာ ပုံမှန် ပြန်ရခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေဆဲပါ။
3 years Ago
Up