ရေကြီးပြီး လူ ၇၂ ဦးသေဆုံးခဲ့ရသည့် ဗီယက်နမ်တွင် မုန်တိုင်းဒဏ်ရင်ဆိုင်ရန် ပြင်ဆင်နေရ

October 16, 2017

ရေကြီးပြီး လူ ၇၂ ဦးသေဆုံးခဲ့ရသည့် ဗီယက်နမ်တွင် မုန်တိုင်းဒဏ်ရင်ဆိုင်ရန် ပြင်ဆင်နေရ

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ပြီးခဲ့တဲ့အပတ်က ဆိုးဆိုးရွားရွား ရေကြီးမှုကြောင့် လူ ၇၂ ဦးထိ သေဆုံးခဲ့ရပြီးနောက် အခုချိန်မှာ တိုင်ဖွန်းမုန်တိုင်း ခါနန်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေရပါတယ်။ အဲဒီရေကြီးမှုဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ အစိုးရသတင်းတွေက ပြောပါတယ်။ ထောင်ပေါင်းများစွာသော အိမ်တွေ ရေအောက်နစ်မြုပ်နေတဲ့အပြင် အိမ်ပေါင်း ၂၀၀ လောက်လည်း ပြိုကျခဲ့ပါတယ်။ မြို့တော်တော်များများလည်း ရေကြီးမှုကြောင့် အဆက်အသွယ်နဲ့ ရိက္ခာတွေ ပြတ်တောက်နေကြပါတယ်။ စပါးစိုက်ခင်းဧက ၅ သောင်းခွဲလောက်လည်း ပျက်စီးခဲ့သလို ရေကြီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ တာတမံတွေနဲ့ လမ်းတွေကို ပြီးခဲ့တဲ့အပတ်ကတည်းက ပြန်လည်ပြုပြင်ရေးတွေ လုပ်နေပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းကို ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားတဲ့ ခါနန်မုန်တိုင်းဒဏ် ခံနိုင်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြောင်း အစိုးရကပြောပါတယ်။ လှေတွေ၊ သင်္ဘောတွေကိုလည်း မုန်တိုင်းနား မကပ်မိကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဗီယက်နမ်နိုင်ငံဟာ သူ့ရဲ့ ရှည်လျားတဲ့ကမ်းရိုးတန်းကြောင့် မကြခဏ ပြင်းထန်တဲ့ မုန်တိုင်းတွေ ဝင်ရောက်တိုက်ခတ်ခံရလေ့ ရှိတယ်လို့ သိရပါတယ်။
3 years Ago
Up