ရေကြီး၊

March 17, 2019

အင်ဒိုနီးရှား ပါပူအာခရိုင်တွင် ရေကြီး၊ လူ ၅၀ သေဆုံး

အင်ဒိုနီးရှားနိုင်ငံ အရှေ့စွန်းက ပါပူအာခရိုင်မှာ ရုတ်တရက် ရေကြီးလို့ လူအယောက် ၅၀ ထက် မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရပါတယ်။ ဒေသတွင်း အဓိက လေဆိပ်မှာ လေယာဉ်တစီးလည်း ပျက်စီးတယ်လို့ အာဏာပိုင်တွေက မတ် ၁၇ ရက်မှာ ပြောပါတယ်။ လမ်းတွေ၊ လယ်ကွင်းတွေမှာ ရွှံ့တွေနဲ့ ရေလွှမ်းမိုးခံနေရပုံကို ဒရုန်းယာဉ်နဲ့ ရိုက်ကူးထားတဲ့ ရုပ်သံကို ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ခရိုင်ရဲ့မြို့တော် ဂျယာပူရနားက စန်တာနီမြို့မှာ မတ်လ ၁၆ ရက်က မိုးကြီးလို့ ရုတ်တရက် ရေကြီးခဲ့တယ်လို့ အမျိုးသား ကပ်ဘေး အေဂျင်စီရဲ့ ပြောခွင့်ရ ဆူတိုပို ပါဝို နူဂရိုဟိုက ကြေညာချက်ထုတ်ပြန်ပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
2 years Ago
Up