ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ပိုင်း၊ စန်တန်ဒါဒေသ၊ ဘာရန်ကာဘာမေဂျာမြို့မှာ ကပ်ဘေးသက်သာရေး အဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။
အောက်တိုဘာ ၂၂ ရက်က မြေပြိုလို့ လူ ၉ ဦး သေဆုံးပြီး ၁၅ ယောက် ပျောက်ဆုံးနေခဲ့ပါတယ်။
ကျန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း ကိုလံဘီယာနိုင်ငံ ပြည်နယ် ၃၂ ခုရဲ့ ၃ပုံတပုံမှာ မိုးကြီးလို့ တောင်စောင်းတလျှောက် ဆောက်ထားတဲ့ သစ်သားအိမ်တွေ ရေတိုက်စား မျောပါခဲ့ပါတယ်။
ကလေး ၃ ယောက်ကို အပျက်အစီးတွေ ကြားကနေ ကယ်ထုတ်ခဲ့ပြီး ဒေသခံအားလုံး ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ပါတယ်။
ကိုလံဘီယာ ဒုသမ္မတ မာတာလူစီယာရာမီရဲ့ဇ်က အခင်းဖြစ်ရာကို တနင်္လာနေ့က လာရောက်စစ်ဆေးခဲ့ပါတယ်။
ဆောက်လုပ်ဖို့ မသင့်တော်တဲ့မြေမှာ တရားမဝင် အိမ်ယာလုပ်ငန်းရှင်တွေက အိမ်တွေ ဆောက်ပြီး ရောင်းခဲ့တဲ့အတွက်လည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
မြို့တွင်း ခရိုင် ၂၁ ခု ဟာလည်း အလားတူ အခြေအနေတွေထဲ ရောက်နေတယ်တို့ သူက ပြောပါတယ်။
မိုးကြီးမြေပြိုမှုဒဏ်ကို မိသားစု ၂၈၀၀၀၀ ကျော် ခံခဲ့ရတာဖြစ်ပြီး နောက်ထပ် ကပ်ဆိုးကို ရှောင်ဖို့ ဘေးကင်းရေး သတိပေးချက်တွေကို အာရုံစိုက်ကြဖို့ အာဏာပိုင်တွေက နိုင်ငံသားတွေကို ဆော်သြထားပါတယ်။
2 years Ago