ရေကြီးရေလျှံမှုကြောင့် သံတွဲမြို့ စာသင်ကျောင်းများပိတ်၊ လျှပ်စစ်မီးပြတ်တောက်

May 25, 2016

ရေကြီးရေလျှံမှုကြောင့် သုံးထပ်အဆောက်အအုံ ကြောက်မက်ဖွယ်ပြိုကျ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂွမ်ရှီကျောင်းစီရင်စုနယ်မြေ၊ ယူလင်မြို့မှာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က ရုတ်တရက် မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ချိန်မှာ သုံးထပ်အဆောက်အအုံတလုံးဟာ ကြောက်မက်ဖွယ်ပြိုကျခဲ့ပါတယ်။ အဲဒီဒေသတွင်းက မြစ်ချောင်းပေါင်းများစွာဟာ ရေတိုက်စားမှုကြောင့် ပြိုကျခဲ့ရပြီး မြစ်ကမ်းပါးတလျှောက်က လူနေအိမ်ခြေတွေလည်း ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အခုပြိုကျခဲ့တဲ့ အဆောက်အအုံကတော့ အသစ်ဆောက်လုပ်ထားကာစ အဆောက်အအုံတခုဖြစ်ပြီး လူနေထိုင်ခြင်းမရှိသေးတဲ့အတွက် ပြိုကျချိန်မှာ ထိခိုက် ဒဏ်ရာရရှိသူတယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
5 years Ago

July 4, 2015

ရေလွှမ်းမိုးခဲ့မှုကြောင့် ရခိုင်ပြည်နယ်အတွင်း စိုက်ဧက ၁၇၀ ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့အပတ်က မိုးအဆက်မပြတ်ရွာသွန်းပြီး ရေလွှမ်းမိုးခဲ့မှုကြောင့် စိုက်ပျိုးမြေဧက ၁၇ဝ၊ လူနေအိမ် ၅၅ဝ၊ စာသင်ကျောင်း ၅ ကျောင်း ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ လမ်းတံတား ၄၇ ခု ပျက်စီးဆုံးရှုံးသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကားလမ်းတွေ ပျက်စီးသွားတာကြောင့် ရိုးမအရှေ့ဘက်မှ ရခိုင် ပြည်နယ်အတွင်း တင်ပို့နေကြတဲ့ ပို့ကုန်တွေ နှောင့်နှေးကြန့်ကြာနေပြီး မြို့နယ်အချို့မှာ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေပါတယ်။ ရခိုင်ပြည်နယ်မှ ပို့ကုန်တွေဟာလည်း လမ်းပန်းဆက်သွယ် ရေးအခက်အခဲကြောင့် တင်ပို့မှုတွေ နှောင့်နှေးနေရတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က စည်ပင်ဈေးကြီးမှာလည်း လွန်ခဲ့တဲ့ အပတ်က ချောင်းရေလျှံမှုကြောင့် ရေကြီးပြီး ရွှံ့နွံ့တွေ ဖုံးသွားခဲ့ပေမယ့် အခကြေးငွေ ကောက်ခံနေတဲ့ မြို့နယ်စည်ပင်သာယာရေးက ရှင်းလင်းပေးမှု မရှိတာကြောင့် ဆိုင်ခန်းပိုင်ရှင်တွေ အခက်အခဲ ကြုံတွေ့နေကြရပါတယ်။ အခုလောလောဆယ်အရ သန့်ရှင်းရေးလုပ်နိုင်တဲ့ ဆိုင်ခန်းပိုင်ရှင်တချို့သာ ဈေးဆိုင်တွေ ဖွင့်လှစ်ရောင်းချနေပြီး သန့်ရှင်းရေး မလုပ်နိုင်တဲ့ ဆိုင်ပိုင်ရှင်တွေအနေနဲ့ ဈေးဘေးက ကားလမ်းဘေးမှာ တက်ရောင်းနေကြလို့ လမ်းသွားလမ်းလာတွေ အခက်အခဲရှိနေတယ်လို့ တောင်ကုတ်မြို့ခံလည်းဖြစ် ရွှေဆိုင်ပိုင်ရှင်လည်းဖြစ်တဲ့ ကိုမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့မှာလည်း ပြီးခဲ့အပတ်က မိုးရွာသွန်းမှုတွေကြောင့် လျှပ်စစ်ဓတ်တိုင်းတွေ ပြိုလဲမှုတွေနဲ့ တိုင်ကျိုးမှုတွေရှိခဲ့ပါတယ်။ အဲ့ဒီလို လျှပ်စစ်ဓတ်တိုင်းတွေ ပြိုလဲမှုနဲ့ တိုင်ကျိုးမှုတွေကြောင့် မြို့ပေါ် ၇ ရပ်ကွက်မှာ ၄ ရက်နဲ့ ၇ ရက်လောက်ထိ လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အခုလောလောဆယ်မှာလည်း မကြာခန မီးပြတ်မှုတွေရှိနေပါတယ်။ အခုလို မီးတိုင်တွေပြိုလဲ ကျိုးပဲ့မှုတွေဟာ ဒီကာလမိုးများ ရေကြီးမှုကြောင့်မဟုတ်ဘဲ ဓတ်တိုင်တွေ စတင်စိုက်ထူစဉ်ကတဲ့က ဆောက်လုပ်သွားတဲ့ ကုမ္ပဏီက သေချာ စိုက်ထူးခြင်းမရှိတာကြောင့် အခုလို ပြဿ နာတွေ ဖြစ်လာတာဖြစ်တယ်လို့ သံတွဲမြို့ခံ ဦးကျော်ကျော်မိုးက ပြောပါတယ်။ ဇွန်လတတိယပတ်နဲ့ စတုတ္ထပတ်အတွင်း မုတ်သုံလေ အားကောင်းလာပြီး မိုးကြီးခြင်း၊ မိုးအဆက်မပြတ် ရွာသွန်းခြင်းများကြောင့် ဒေသအသီးသီးမှာ ရေကြီး၊ တောင်ပြို၊ လမ်းများပျက်စီးတာ၊ စိုက်ခင်းတာ ရေလွှမ်းခံရတာ၊ ငါး/ပုစွန် မွေးမြူရေးကန်တွေ ကျိုးပေါက်တာတွေ ကြုံတွေ့ခံစားခဲ့ကြရပါတယ်။
6 years Ago
Up