ရေကြီးရေလျှံချိန် တံတားပြိုကျပြီး သားအမိ ၂ ဦး ရေစီးထဲ မျောပါသေဆုံး

August 21, 2017

ရေကြီးရေလျှံချိန် တံတားပြိုကျပြီး သားအမိ ၂ ဦး ရေစီးထဲ မျောပါသေဆုံး (ရုပ်သံ)

ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေခ်ျိန်မှာ တံတားကျိုးကျပြီး ရေစီးထဲမျောပါ သေဆုံးခဲ့ရတဲ့ သားအမိ ၂ ဦးရဲ့အဖြစ်ဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ အာရာရီးယားဒေသတွင်းမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ သြဂုတ် ၁၈ ရက်နေ့က ဖော်ပြပါတယ်။ ရွာသူရွာသားတွေဟာ ရေဘေးဒဏ်ကနေလွတ်ဖို့ ရွာ ၂ ရွာကြားက ကိုစီမြစ်ပေါ်ကို ဖြတ်ထိုးထားတဲ့ တံတားကို အသုံးပြုပြီး ဖြတ်ကျော်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရွာသူရွာသားတွေဟာ တယောက်ပြီးတယောက် နည်းနည်းချင်းစီ တံတားကို ဖြတ်သွားခဲ့ကြတာဖြစ်ပြီး သားအမိ ၂ ဦး ဖြတ်ချိန်မှာတော့ တံတားဟာ ထိတ်လန့်ဖွယ် ပြိုကျသွားခဲ့တာကို တွေ့ရပါတယ်။ တံတားတဘက်ထိပ်မှ ဖခင်ဖြစ်သူနဲ့ ရွာသားတွေက သူတို့သားအမိကို လိုက်ဖမ်း ဆွဲယူပြီး ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူတို့ဟာ ရေစီးထဲကို မျောပါသွားခဲ့တာပါ။ အိန္ဒိယမှာ နိုင်ငံတွင်း နေရာအနှံ့ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပြီး အာရှတောင်ပိုင်းဒေသတွေမှာ လူသန်းပေါင်း ၁၆၀ ကျော်ဟာ ရေဘေးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
4 years Ago
Up