ရုရှားနိုင်ငံတောင်ပိုင်း ဆိုက်ဘေးရီးယားဒေသက ကျေးရွာအတော်များများမှာ ဇွန်လ ၂၈ ရက်နေ့က ရေကြီးနေတဲ့အတွက် အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
အီကုခ်ျဒေသမှာ ရေကြီးမှုတွေဖြစ်နေပြီး သက်ဆိုင်ရာကနေ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရဟတ်ယာဉ်တွေဟာ အချိန်မီရောက်လာခဲ့ပြိး ခေါင်မိုးတွေပေါ်က လူတွေကို ကယ်ဆယ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဇွန် ၂၉ ရက်နေ့မှာလည်း မိုးဆက်ရွာနိုင်တာမို့ အခြေအနေ ပိုဆိုးရွားနိုင်တယ်လို့ ရုရှားအရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၃၀ ရက်နေ့မှာ မိုးစဲသွားမယ် မျှော်လင့်ရပြီး အခြေအနေ ကောင်းမွန်လာမယ်လို့ ရုရှားမိုးလေ၀သဌာနက ဆိုပါတယ်။
2 years Ago