ရေကြီး

A d v e r t i s e m e n t With Us

July 29, 2019

အိန္ဒိယနိုင်ငံတဝန်း ရေဘေးသင့်၊ ပြည်သူများ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်း

အိန္ဒိယနိုင်ငံတလွှား မိုးကြီးပြီး မြစ်ချောင်းတွေ ရေလျှံခဲ့လို့ ဇူလိုင် ၂၈ ရက်မှာ ရေဘေးသင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းနေရပါတယ်။ အိန္ဒိယနိုင်ငံတွင်းရှိ ခြောက်သွေ့ကန္တာရဆန်တဲ့ ရာဂျက်စသန်ပြည်နယ်တွင်းက ကိုတာမြို့ခံတွေလည်း ရေဘေးကနေလွတ်ဖို့ အိမ်ခေါင်မိုးပေါ် တက်နေရပါတယ်။ ဇူလိုင် ၂၈ ရက်နေ့မှာ လူအယောက် ၂၀ ကျော် ဘေးလွတ်ရာ ရွှေ့ပေးခဲ့ပေမယ့် လူအများအပြားက အိမ်ကနေ မခွာချင်ကြဘူးလို့ ကပ်ဘေးတုံ့ပြန်ရေးတပ်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်က လက်ဖက်စိုက်ပျိုးရာ အာသံပြည်နယ်မှာလည်း ဆိုးဆိုးရွားရွား ရေကြီးနေလို့ သန်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ရေဘေးကြောင့် လူအယောက် ၆၀ ကျော် သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။ မုတ်သုံမိုးကြောင့် တောင်အာရှဒေသအတွင်း လူအယောက် ၃ဝဝ ကျော် သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ပျောက်ဆုံးနေဆဲမို့ သေဆုံးသူဦးရေ မြင့်တက်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။
2 years Ago

July 27, 2019

မိုးညိုတွင် ရေကြီးရေလျှံဖြစ်နေ၊ စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရ

ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ကျေးရွာ ၈၀ လောက် ရေတွေ ၀င်ရောက်နေပြီး အစိုးရစာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ အင်းတော်တစ်လုပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြင့်က “မနေ့ကအထိ ကျေးရွာ ၄၀ ကျော်ရေဝင်တယ်။ ဒီနေ့ရေက ၂ လက်မလောက်ထပ်တက်ပြီးကျေးရွာ ၈၀ လောက် ရေဝင်နေပြီ။ စိုးရိမ်ရေအမှတ်က ၅၄ ပေရှိတယ်။ အခုက ၅၅ ဒသမ ၇၀ အထိရောက်နေပြီ။ နှစ်စဉ်ရေက ဝင်နေကျဖြစ်လို့ သိပ်တော့မစိုးရိမ်ရသေးဘူး။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အရေးပေါ်လိုအပ်လာရင် ပြောင်းရွှေ့ရမယ်ဆို အဆင်သင့်ဖြစ်အောင် ဘုန်းကြီးကျောင်းတွေမှာ ပြင်ဆင်ထားတယ်။ ပြည်သူတွေကိုလည်း နှိုးဆော်ထားပါတယ်။ ၂၀၁၅/၂၀၁၆ ခုနှစ်တုန်းကတော့ ၅၉ ပေကျော်အထိ ရေတက်လို့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ခဲ့ရတယ်။ ဒီဘက်က စပါးစိုက်တာနည်းတယ်။ နှမ်းစိုက်တောင်သူများတော့ အခုလိုရေဝင်ရင် နှမ်းတွေကတော့ ပျက်စီးမှာပါ” လို့ပြောပါတယ်။ ဇူလိုင်လ ၂၅ ရက်နေကစတင်ပြီး ကျေးရွာတွေ ရေဝင်ရောက်တာကြောင့် အစိုးရစာသင်ကျောင်း ၁၅ ကျောင်းအထိ ပိတ်ထားခဲ့ရတယ်လို့ မိုးညိုမြို့နယ်ပညာရေးမှူး ဦးသန်းအောင်ကပြောပါတယ်။ “၂၅ ရက်နေ့စပြီး ဒီနေ့အထိ စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရတယ်။ ရေဆက်တက်ရင်တော့ နောက်ထပ်ကျောင်းတွေလည်း ထပ်ပိတ်ဖို့ရှိပါတယ်။ ရေတွေဝင်တော့ ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ သွားလာရေးခက်ခဲတာကြောင့်ပါ" လို့ ပြောပါတယ်။ မိုးညိုမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းကို အခြေပြုတည်ဆောက်ထားရာ ရေကာတာပေါင်း ၆ ခုရှိပြီး ရေကင်းအဖွဲ့ ၁၀ ဖွဲ့နဲ့အတူ ကြီးကြပ်ဆောင်ရွက်နေကြောင်း၊ ရေအမှတ်မှာ ဇူလိုင်လ ၂၇ ရက်တိုင်းတာချက်အရ ၅၅ ဒသမ ၇၀ ပေရှိရာ ၅၈ ပေရောက်ပါက တာပေါ်ကို ရေရောက်ပြီး စိုးရိမ်ရေအမှတ် ရောက်ပြီဖြစ်ကြောင်းနဲ့ သီးနှံစိုက်ဧက ၅၀၀ ကျော် ရေဝင်ရောက်နေတယ်လို့ မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောပြချက်အရ သိရပါတယ်။ သတင်း-မေသွယ်
2 years Ago

တောင်အာရှနိုင်ငံများတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိပြီ

တောင်အာရှနိုင်ငံတွေမှာ မုတ်သုံရာသီအတွင်း မိုးကြီး ရေလျှံတာကြောင့် သေဆုံးသူ ၃၀၀- ကျော်သွားပြီလို့ သိရပါတယ်။ ဒီထဲမှာ ပျောက်ဆုံးသူတွေ ရာချီရှိတာကြောင့် သေဆုံးသူ အရေအတွက် ဒီထက်တိုးလာမယ် မျှော်လင့်ထားပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ပူပြင်းခြောက်သွေ့တဲ့ ကန္တာရပြည်နယ် ရာဂျစ်စသန်မှာ ဇူလိုင် ၂၆ ရက်က  ရေကြီးနေပါတယ်။ ပုံမှန်အားဖြင့် အပူချိန် အမြင့်မားဆုံးအချိန်မှာ မိုးဆက်တိုက်ရွာတာကြောင့် ရဲစခန်းနဲ့ လူနေရပ်ကွက်တွေထဲ ရေကြီးနေတာပါ။ ဇူလိုင် ၂၅ ရက်က အာသံပြည်နယ်မှာ မိုးအကြီးအကျယ် ရွာပြီးနောက် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ညလုံးပေါက် ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက မိုးကြီးတာ ခေတ္တရပ်ခဲ့ပြီးနောက် အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ ရေကျသွားခဲ့ပါတယ်။ ဒါပေမဲ့ နေ့စဉ်မိုးရွာတာကြောင့် ဒေသတွင်း ရေပြန်ကြီးမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။
2 years Ago
More News
Up