ရှေ့နေ့

July 7, 2018

လွှတ်တော်ထဲ ရှေ့နေများ၏အခန်းကဏ္ဍ ပါဝင်လာရန် အရေးကြီးဟုဆို

လွှတ်​​တော်​​တွေမှာ ​ရှေ့​နေ​တွေရဲ့ အခန်း​ကဏ္ဍပါဝင်​လာဖို့ အ​ရေးကြီးတယ်​လို့ တရားလွှတ်​​တော်​​ရှေ့​နေ​ ဒေါ်သီတာ​အောင်​က​ ပြောဆိုလိုက်​ပါတယ်​။ မန္တ​လေးချမ်း​အေးသာစံမြို့နယ်​​ရွှေအင်​ကြင်းဟိုတယ်မှာ တရားလွှတ်​​တော်​ရှေ​နေ. အထက်​တန် ​ရှေ့​နေ အလုပ်​သင်​​ရှေ့နေ ၂၉ ဦးကို ဟန်​ချက် ညီစွာကျင့်​ထုံးခြင်းဥပ​ဒေပညာ- လူအဖွဲ့အစည်း အတွင်း​ရှေ့​နေများ၏ အခန်းကဏ္ဍ- ပြည်​သူအကျိုး​ဆောင်​​ရှေ့​နေများအတွက်​ အခွင့်အလမ်းရရှိရေး ​​ဆွေး​နွေးပွဲကျင်းပခဲ့ပါတယ်​။ “အခုလို​ ရှေ့​နေ​တွေကို​ ခေါ်ယူ​ဆွေး​နွေးခဲ့ရတာက ​ဥပ​ဒေကို တတ်​သိနားလည်​တဲ့ ​ရှေ့​နေ​တွေဟာ ဘယ်​လို​နေရာ ဘယ်​လိုအခန်းကဏ္ဍ​တွေမှာပါ ဝင်​သင့်​တဲ့သူ​တွေဆိုတာမျိုး ပြည်​သူ​တွေသိ​စေချင်​တယ်၊​ ပြည်​သူ​တွေနဲ့လည်း ထိ​တွေ့ပြီး​ ဥပ​ဒေ နဲ့သက်​ဆိုင်​တာ​တွေကိုသိ​အောင် ​ရှင်းပြဖို့ ကြိုးစား စီစဉ်​ထားတယ်” ​လို့. စီစဉ်​သူ အထက်​တန်း​ရှေ့​နေ ​ဒေါ်ခင်​မြတ်​နိုးက​ပြောပါတယ်​ “လွှတ်​​တော်​ထဲမှာဆိုင်​ရင်​​ ရှေ့​နေ​တွေရဲ့ အခန်းကဏ္ဍ ရှိကိုမရှိဘူး၊ အမတ်​​တွေကလည်း ​ရှေ့​နေ​တွေ ​ရေးဆွဲ​ပေးတဲ့ ဥပ​ဒေကိုပဲ တင်​ရတယ်။ အကယ်​၍ လွှတ်​​တော်​​ထဲ မှာ​ aရှ့​နေ​တွေပါလာမယ်​ဆိုရင်​ ပို​ကောင်းလာမယ်။ အဲလို့ ​ရှေ့​နေ​တွေ လွှတ်​​တော်​ထဲပါလာဖို့ဆိုရင်​ ကိုယ်​ကိုယ်တိုင်​ အ​ရွေးခံရမလား၊ လွှ​တော်​ထဲမှာ ဥပ​ဒေအ​ထောက်​အကူပြု အဖွဲ့အစည်း ပါလာလို့ရှိရင်​ ​အောက်​​ခြေပြည်​သူ​တွေရဲ့ အားနည်းချက်​အားသာချက်​​တွေ ပြီးပြည့်စုံ​မယ်​။ အခုတော့ အမတ်​​တွေက​ ရှေ့​နေ​တွေ​ ရေးဆွဲ​ပေးထားတဲ့ ဥပ​ဒေ​တွေတင်​ပြပြီး​တော့ လွှ​တော်​ကအတည်​ပြုတယ်​။ အဲဒါ​ကြောင့် လွှတ်​​တော်​ထဲမှာ​ရှေ့​နေတွေရဲ့ အခန်းကဏ္ဍပါဝင်​လာဖို့ အ​ရေးကြီးတယ်​” လို့ ​ဒေါ်သီတာ​အောင်​က ​ပြောပါတယ်​/ Legal knowledge Sharing Group-LKSG နဲ့ သာသည့်​မြေ ​ဖောင်​​ဒေးရှင်းတို့ ပူး​ပေါင်းစီစဉ်​​သော Mandalay Junior Lawyer Workshop ကို ဒီနေ့မနက်ပိုင်းက ​ရွှေအင်​ကြင်းဟိုတယ်​မှာ​ ကျင်းပခဲ့ပြီး တရားလွှတ်​​တော်​​ရှေ့​နေ၊ အထက်​တန်း​ရှေ့​နေ၊ အလုပ်​သင်​​ရှေ့​နေ ၂၉ ဦး ပါဝင်​တက်​​ရောက်​ခဲ့ကြပါတယ်​။
3 years Ago
Up