ရှေ့နေမလေး

May 3, 2019

အကျဉ်းသားများအရေး အခမဲ့ လိုက်ပါဆောင်ရွက်သူ ရှေ့နေမလေး မယ်အမေရိကန်သရဖူ ဆွတ်ခူး (ရုပ်သံ)

၂၀၁၉ ခုနှစ်အတွက် Miss USA 2019 အလှမယ်သရဖူကို မြောက်ကယ်ရိုလိုင်းနားပြည်နယ် ကိုယ်စားပြု အလှမယ် ရှေ့နေမလေး ချက်စလီခရစ်စ်ထ်က ဆွတ်ခူးရရှိသွားပါတယ်။ နီဗားဒါးပြည်နယ်၊ ရီနိုမြို့မှာ ကျင်းပခဲ့တဲ့ ဒီအလှမယ်ပြိုင်ပွဲကို ပြည်နယ်အသီးသီးက အလှမယ် ၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ Miss USA 2019 အလှမယ် ခရစ်စ်ထ်ရဲ့ နောက်မှာတော့ နယူးမက္ကဆီကိုနဲ့ အိုကလာဟိုးမား အလှမယ်တွေက First Runner Up နဲ့ Second Runner Up ဆုတွေ အသီးသီး ရရှိခဲ့ကြပါတယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချားလော့ထ်မြို့က အသက် ၂၇ နှစ်အရွယ် သရဖူဆုရှင် အလှမယ်ဟာ အချိန်ပြည့် ရှေ့နေအလုပ်ကို မရရှိခင် Wake Forest University ကနေ စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။ မယ်အမေရိကန် Miss USA ကိုယ်ရေးအချက်အလက်မှာ ဖော်ပြထားချက်တွေအရ သူဟာ ပြည်နယ် ၂ ခုမှာ ရှေ့နေလိုင်စင်အတွက် အတွေ့အကြုံယူခဲ့ပြီး အကျဉ်းကျနေသူတွေ ပြစ်ဒဏ်လျှော့ ချမှတ်ခံရရေးအတွက် အခမဲ့ လိုက်ပါဆောင်ရွက်ပေးသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပွဲမှာ ခရစ်စ်ထ်က နီဗားဒါးပြည်နယ်မှာ ခုလို အလှမယ်ပြိုင်ပွဲ ကျင်းပတာကို ပျော်ရွှင်ကြောင်း၊ ဘာလို့လဲဆိုတော့ ဒီပြည်နယ်ဟာ လွှတ်တော် ၂ ရပ်စလုံးမှာ အမျိုးသမီး အများစုရှိတဲ့ပြည်နယ် ဖြစ်တဲ့အတွက်ကြောင့်လို့ ပြောလိုက်ပါတယ်။ ခုကျင်းပတဲ့ ပြိုင်ပွဲမှာတော့ အမေရိကန်နိုင်ငံတဝှမ်း နယ်ပယ်ဒေသစုံ အလွှာအသီးသီးက အမျိုးသမီးတွေ ပါဝင်လာပြီး ခရစ်စ်ထ်ဟာ ဂျာနယ်လစ်တွေ၊ စွန့်ဦးတီထွင်သူတွေ စတဲ့ အလုပ်အကိုင်နဲ့ အလှမယ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
2 years Ago
Up