ရှေ့နေချုပ်

January 17, 2019

ရှေ့နေချုပ်အဖြစ် ထရမ့် အမည်တင်သွင်းသည့် ဝီလျံဘားက နိုင်ငံရေးဖိအားများမှ ကာကွယ်မည်ဟု ပြော

အမေရိကန်အစိုးရ ရှေ့နေချုပ် ရာထူးအတွက် သမ္မတ ဒေါ်နယ်ထရမ့် နာမည်စာရင်း တင်သွင်းခဲ့တဲ့ ဝီလျံဘားက နိုင်ငံရေးဖိအားတွေကနေ ကာကွယ်သွားမယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အထူးကောင်စီဝင် ရောဘတ်မူလာရဲ့ စုံစမ်းစစ်ဆေးမှု ပြီးဆုံးအောင် ခွင့်ပြုမယ်လို့လည်း ဘားက အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာ အတည်ပြု ပြောဆိုပါတယ်။ သမ္မတ ထရမ့်ရဲ့ ရာထူးသက်တမ်း ၂ နှစ်အတွင်း မူလာရဲ့ စုံစမ်းစစ်ဆေးမှုက လွှမ်းမိုးခဲ့တာပါ။ ဒီအခြေအနေအတွက် ထရမ့်နဲ့ သူ့မဟာမိတ်တွေက မကြာခဏ ဝေဖန်ခဲ့ပါတယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရရေးအတွက် ရုရှားအစိုးရနဲ့ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့တို့ကြား ပူးပေါင်းကြံစည်မှု ဖြစ်နိုင်ချေကို အာရုံစိုက်နေကြပါတယ်။ ဘားဟာ ရီပတ်ဗလစ်ကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ်ရဲ့ လက်အောက်မှာ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။ အောက်လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ရီပတ်ဗလစ်ကန် အမတ်တွေကြားမှာ ကျယ်ပြန့်တဲ့ ထောက်ခံမှုကို ရထားတဲ့ ဘားအတွက် အဆိုပြုမှုကို အထက်လွှတ်တော်က အတည်ပြုပေးဖို့ မျှော်လင့်ထားပါတယ်။ ထရမ့်ဟာ မူလာရဲ့စုံစမ်းမှုကို မကြာခဏ ဝေဖန်ခဲ့သလို ရုရှားနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမှ မရှိဘူးလို့ ငြင်းပါတယ်။ ရုရှားအစိုးရကလည်း ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားက စွက်ဖက်တယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေးဌာနရဲ့ ရှာဖွေတွေ့ရှိချက်ကို မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
3 years Ago

January 4, 2019

ပီရူးရှေ့နေချုပ်ကို ပြည်သူ ထောင်ချီ ဆန္ဒပြ

ပီရူးနိုင်ငံ မြို့တော် လီမာမှာ ဇန်နဝါရီ ၃ ရက်နေ့က ပီရူးပြည်သူ ထောင်ချီပြီး ရှေ့နေချုပ် ပီထရို ချာဗာရီကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ အိုဒီဘရက်ခ်ျအပေါ် ပြုလုပ်နေတဲ့ အဂတိလိုက်စားမှု  စုံစမ်းရေးကနေ အစိုးရရှေ့နေ ၂ ဦးကို ရှေ့နေချုပ် ချာဗာရီက ဖယ်ရှားခဲ့ပြီးနောက် ပီရူးပြည်သူတွေက အခုလို လမ်းပေါ်ထွက် ဆန္ဒပြကြတာပါ။ ချာဗရီက အစိုးရရှေ့နေတွေကို ပြန်လည်ခန့်အပ်ခဲ့ပေမယ့် အဲဒီလုပ်ရပ်ကို ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ခဲ့ပါတယ်။ ဒါ့အပြင် ပီရူးသမ္မတ မာတင်ဗစ်ကာရာကလည်း ချာဗရီကို ရာထူးကနေ ခေတ္တဆိုင်းငံ့မယ်လို့  ခြိမ်းခြောက် ပြောကြားပါတယ်။ ပီရူးပြည်သူ အများအပြားက အဲဒီ ရှေ့နေ ၂ ဦးကို ထိတ်ထိတ်ကြဲ နိုင်ငံရေးသမားတွေကို ဖော်ထုတ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်သူတွေအဖြစ် ရှုမြင်ထားကြတာပါ။ အဲဒီလို ဖော်ထုတ်ရာမှာ သမ္မတဟောင်း ၄ ဦးနဲ့ အတိုက်အခံခေါင်းဆောင် ခေးကို ဖူဂျီိမိုရိ တို့လည်း ပါဝင်ပါတယ်။
3 years Ago
Up